ရန်ကုန်မြို့ကတော့ မြန်မာနိုင်ငံ၏မြို့တော်ကြီးတစ်ခုဖြစ်ပါတယ်။ လူဦးရေထုူထပ်ကာ စီးပွားရေး အချက်အချာမြို့လည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေ ၀င်ရောက်ဆိုက်ကပ်၍ထွက်ခွာရာမြို့လည်းဖြစ်ပါတယ်။ သို့သေ်ာ ရန်ကုန်မြို့ကတော့ အခြားနိုင်ငံကြီးတွေ၏ မြို့ဖြင့်စာလျှင် အနောက်မှာ အများကြီးကျန်ခဲ့ပါတယ်။

ထို့ကြောင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍတို့အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ဘီလျံ ၈၀၀ အကူအညီပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆိုအာဘေးတို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၀န်ကြီးချုပ်မှ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်က အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် မြန်မာဂျပန်ထိပ်သီး အစည်းအဝေးတို့ တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ်ရုံးတွင် ကျင်းပသည့် နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ 

ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အရည်အသွေး ပြည့်မီသည့် အခြေခံကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရေးသည် သက်ဆိုင်ရာ အစိုးရများအတွက် အလွန်အရေးပါသည့် တာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ၀န်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့သည် မြန်မာအစိုးရ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အစိုးရနှင့် လူထုတစ်ရပ်လုံးက ပူးပေါင်း ပါ၀င်ကြရမှာဖြစ်ပါကြောင်း၊ Universal Health Coverage Forum ကိုတက်ရောက်ပြီး ဒီကနေ့ မွန်းလွဲပိုင်းမှ စတင်ကာ မိမိ၏ တရားဝင်ခရီးစဉ် စတင်ခဲ့ပါကြောင်း၊ မစ္စတာဟာဘေးနှင့် ဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွင် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါကြောင်း၊ မိမိတို့ဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်လျက်ရှိသည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဂျပန်နိုင်ငံအနေဖြင့် ဆက်လက် အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း ပြောကြားခဲ့ပါတယ်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။