ဇာတ်ပို့သရုပ်ဆောင် K Nyi ကလေးနှစ်ယောက်ဖေဖေ အဖြစ်ရာထူးတိုးသွားပါပြီ ။ ဇနီးသည်က ဒုတိယမြောက်သားလေးကို ဒီဇင်ဘာ ၁၆ မှာ မွေးဖွားခဲ့တာပါ ။

အနုပညာလောကထဲက သူငယ်ချင်းများ လာရောက် ဂုဏ်ပြုကြတဲ့အထဲ မြင့်မြတ်တို့ဇနီးမောင်နှံလဲ အပါအဝင်ပါပဲ ။ သူတို့ရဲ့ သူငယ်ချင်း အဆိုတော်ယုန်လေးနဲ့ အတူ

KNyi တို့မိသားစုလေးဆီ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး မြင့်မြတ်တို့ဇနီးမောင်နှံနှစ်ယောက်က KNyi ကိုအားကျနေတယ်လို့ ယုန်လေးက ပြောခဲ့ပါတယ် ။

" ဗိုလ်ကြီး K ညီကို Congratulation လုပ်ရင်း

အားကျနေတဲ့ မြင့်မြတ် နဲ့ အာ့လျန် " လို့ဆိုပြီး သူတို့ရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးထားခဲ့တာပါ ။  

မြင့်မြတ်က လက်ထပ်ပြီးနောက်ပိုင်းထဲက အင်တာဗျူးတွေမှာ ရင်သွေးလိုချင်တယ်လို့ ခဏခဏဖြေဖူးတာမို့ တကယ်ပဲ အားကျနေတာဖြစ်ပုံရပါတယ် ။

သဘာဝဆန်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ မြင့်မြတ် ရိုက်ကူးတဲ့ ဇာတ်လမ်းတွေဟာ ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး မြန်မာမင်းသားတွေထဲ

ယောကျာင်္းလေးပရိတ်သတ်အများဆုံးပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်လဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။