ကျော်ကိုကိုကိုလစာဘတ်သုံးသိန်းနဲ့ကမ်းလှမ်းတဲ့ချင်းရိုင်း


မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးနဲ့ရန်ကုန်ယူနိုက်တက်အသင်း

ရဲ့တိုက်စစ်မှူးကျော်ကိုကိုထိုင်းပရီးမီးယားလိဂ်ကလပ်အသင်း

ဖြစ်တဲ့ချင်ရိုင်းယူနိုက်တက်ကလစာဘတ်သုံးသိန်း(မြန်မာငွေ

သိန်း120)ကျော်နဲ့ကမ်းလှမ်းလိုက်တယ်လို့သိရပါတယ်။

အဆိုပါသတင်းကို ရန်ကုန်ယူနိုက်တက် အသင်းမန်နေဂျာ ဦးမြင့်သိန်းက အတည်ပြုခဲ့ပါတယ်။ဦးမြင့်သိန်းကကျော်ကိုကို

အပြောင်းအရွှေ ့နဲ့ပတ်သက်ပြီးခုလိုပြောပြပါတယ်။


"လက်ရှိတော့အသင်းနှစ်သင်းနဲ့ကစားသမားနဲ့ညှိုနှိုင်းမှုပြုလုပ်နေတယ်။ ကျော်ကိုကိုကလည်း ပြည်ပထွက် ကစားချင်တဲ့ဆန္ဒရှိနေတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆွေးနွေးမှုပြီးမြောက်မှာပါ" တဲ့။ဦးမြင့်သိန်းရဲ့စကား

အသွားအလာအရတော့အပြောင်းအရွှေ ့ဟာဖြစ်လာဖို့

များပါတယ်။ကျော်ကိုကိုမရှိရင်ရန်ကုန်အသင်းတိုက်စစ်

အားနည်းသွားဖွယ်ရှိပေမယ့်ကစားသမားရဲ့တက်လမ်းအရ

ရန်ကုန်အနေနဲ့ခွင့်ပြုပေးဖွယ်ရှိပါတယ်။

ကျော်ကိုကိုဟာနှစ်စဉ်လိုလိုထိုင်းကလပ်တွေနဲ့သတင်း

ကြီးတတ်သူပါ။ဒါပေမယ့်ဆမတ်ဆခွန်တို့လိုအောက်တန်းက

အသင်းတွေကသာကမ်းလှမ်းမှုတွေဖြစ်တာကြောင့်ကျော်ကိုကိုမပြောင်းတာလည်းဖြစ်နိုင်ပါတယ်။ကျော်ကိုကိုကိုအခုကမ်း

လှမ်းလိုကိတဲ့ချင်ရိုင်းကတော့ထိုင်းပရီမီးယားလိဂ်ထိပ်သီး

အသင်းကြီးလို့ပြောလို့ရပြီးဒီနှစ်ရဲ့ထိုင်းFAဖလားကိုလည်း

ယူထားနိုင်ပါတယ်။ထိုင်းFAဖလားယူနိုင်ခဲ့တဲ့အတွက်အာရှ

ချန်ပီယံလိဂ်Play-Offကစားခွင့်ရထားတဲ့အသင်းပါ။

ကျော်ကိုကိုသာချင်ရိုင်းရောက်သွားခဲ့ရင်တော့

အောင်သူပြီးနောက်ထိုင်းလိဂ်-1ရောက်သွားတ

ဲ့ဒုတိယမြောက်မြန်မာကစားသမားဖြစ်လာမှာပါ။

Source -Ygn Utd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။