ပရိသတ်တွေ မြင်တွေ့ရတဲ့ ပုံရိပ်လေးတွေကတော့ မင်းသားချောညိမ်းသော်နဲ့ မင်းသမီချော မေမြင့်မိုရ်တို့ရဲ့ ပွဲတက် ပုံရိပ်လေး တွေပဲဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်တွေကြားမှာ အရမ်းကို ရေပန်းစားနာမည်ကြီးနေတဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်း တစ်ခုဖြစ်တဲ့ Wall Street English ရဲ့သင်တန်း ကျောင်းသစ်ဖွင့် လှစ်ပွဲလေး ကိုတက်ရောက် လာကြတာ ပဲဖြစ်ပါတယ်။ Wall Street English ရဲ့ ခြေလှမ်းအသစ် ကျောင်းခွဲကိုတော့ ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာရှိတဲ့ City Mall Shopping Centre မှာဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် နှစ်ယောက်ကလည်း တက်နိုင်တဲ့ဘက်က ပါဝင်ကူညီခဲ့ကြပြီး ဒီပွဲလေး ကို တက်ရောက် လာခဲ့ကြတာပဲဖြစ်ပါတယ်။ ပွဲရောက် အမှတ်တရ ပုံရိပ်လေးတွေကိုလည်း သူတို့ လူမှုကွန်ယက်လေး တွေကနေ မျှဝေထားတာကို လည်း တွေ့ရပါတယ်။ မီးခိုရောင် ဝတ်စုံလေးနဲ့ ညိမ်းသော်တစ်ယောက် အရမ်းကို ကြည့်ကောင်းနေပြီး မင်းသမီး ချောလေး မေမြင့်မိုရ် ကလည်းပန်းရောင် ဝတ်စုံလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်း နေပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုခဲ့ ရတာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ပရိသတ်အချစ်တော် နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အားပေးမှု တွေနဲ့ အတူ အနုပညာ လမ်းကြောင်းပေါ်ဆက်လက်လျောက်လှမ်း နေကြတဲ့ သူတွေပဲဖြစ်ပါတယ်။ လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ရုပ်ရှင်းကားကြီး တွေရိုက်ကူးနေကြပြီး ပရိသတ် တွေ အတွက်အကောင်းဆုံး ကြိုးစားနေကြ သူတွေပဲ ဖြစ်ပါတယ်။ ဒီကနေ တက်ရောက်ခဲ့တဲ့ Wall Street English ပွဲလေးမှ ချစ်စရာကောင်းတဲ့ ပွဲတက် ပုံရိပ်လေး တွေကိုလည်း ချစ်ပရိသတ်တွေ အတွက်မျှဝေပေး လိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။