ဧငြိမ်းဖြူဆိုတဲ့သူမကတော့ မြင်ရသူတိုင်း သမင်လည်ပြန်လှည့်ကြည့်ရတဲ့ ဆန်းသစ်တဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပရိသတ်ကြား ရေပန်းစားသူတစ်ယောက်ပါ။ အနက်ရောင်ခရေဇီတစ်ဦးဖြစ်တဲ့ သူမကို ပေါ်လွင်တဲ့ အနက်ရောင်ဖက်ရှင်ဒီဇိုင်းနဲ့ စတိုင်ကျကျကြည့်ကောင်းနေတာကို ပရိသတ်ကြီးမြင်တွေ့ရမှာပါ။

အဆိုတောင်ရဲရင့်အောင်နဲ့ သူမကတော့ ပရိသတ်သတိထားမိတဲ့စုံတွဲဆိုလည်း ဟုတ်ပါတယ်။ သူငယ်ချင်းတွေအဖြစ်ကနေ ချစ်သူအဖြစ် လက်တွဲခဲ့ကြတဲ့ သူမတို့ဟာ လိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ဈေးပွဲတော်မှာလည်း နှစ်ယောက်အတူတွဲကာ ပျော်ရွှင်စွာ မုန့်များပြုလုပ်ရောင်းချခဲ့တာကို တွေ့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ စုံတွဲပါပဲ ပရိသတ်ကြီးရေ။

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ရှေးခေတ်ရေဒီယိုဇာတ်လမ်းနောက်ခံ စကားပြောနဲ့ တထပ်တည်းကျအောင် သရုပ်ဆောင်နိုင်သူပါ။ သူမရဲ့ လှပလွန်းတဲ့ မြန်မာဝတ်စုံများကတော့ မြန်မာဆန်ဆန်ဝတ်စုံများကို သဘောကျတဲ့ မိန်းခလေးပရိသတ်တွေ အသည်းစွဲပါပဲ ပရိသတ်ကြီးရေ။ ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်ကာ ကြော့ရှင်းနေသူလေးလို့ ဆိုနိုင်ပါတယ်။

Source - A Nyein Phyu FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။