သရုပ်ဆောင်မေပန်းချီကလည်း ပရိသတ်အချစ်တော် တစ်ယောက်ပါပဲ။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သူမရဲ့(၂၆)နှစ်ပြည့်မွေးနေ့မှာ အလှုအတန်းများလုပ်ကာ ချစ်ရတဲ့သူတွေနဲ့ အေးချမ်းစွာဖြတ်သန်းခဲ့သူ တစ်ယောပ်ပါ။ တစ်ယောက်တည်းအေးချမ်းစွာနေတက်တဲ့သူမက ဒီနေ့မှာတော့ ကဗျာဆန်ဆန် အချစ်စာသားလေးတွေကို အခုလိုပဲရေးသားထားတာတွေ့ရပါတယ်။ 

" ကိုယ့် ကိုအေးခဲစေတဲ့ညနေတွေဟာ....တစ်ခါတစ်ရံ ကဗျာဆန်သလိုလိုနဲ့

နာကျင်ရမှန်းကောင်းကောင်းသိလာရချိန်....အချစ်နဲ့ဝေးဝေးနေ့ဖို့ တွေးခဲ့မိတယ်....

ကိုယ့်အသက်နဲ့ ကိုယ့်လက် ဒီဒဏ်ရာတွေရဖို့အတွက်

ကိုယ်တိုင်လက်နက်တွေရွေးနေမိတာ တော်ပါတော့"

မကြာသေးခင်က အင်တာဗျုးတခုမှာတော့ သူမရဲ့အချစ်ရေးအတွက် အနုပညာအလုပ်ပေါ်နားလည်ပေးနိုင်မယ့်သူနဲ့ ဖူးစာဆုံခဲ့ရင်တော့ အေးချမ်းတဲ့ မိသားစု ဘဝကို ထူထောင်ဖြစ်မှာလို့ဆိုပါတယ်။ ဒါကြောင့် သူမရဲ့ပရိသတ်ကတော့ မေပန်းချီတစ်ယောက် ချစ်ရသူနဲ့ဆုံတွေ့နေပီလားလို့ စိတ်ဝင်စားနေကြပါတယ်။

ဂျင်းဖက်ရှင်များကိုနှစ်ခြိုက်စွာ ဝတ်ဆင်တက်တဲ့ သူမက Kate Amazing Jeans Shop ကိုလဲ ဖွင့်လှစ်ထားပါသေးတယ်။ သူမရဲ့ဒီဆိုင်လေးကတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆိုင်အတွင်းပြင်ဆင်မှုများက ငေးမောလောက်အောင် ဆွဲဆောင်မှုရှိလွန်းပါတယ်။ စိတ်ကူးကောင်းလွန်းတဲ့ သူမပါပဲ။ ဒါတွေကတော့ မေပန်းချီ ပရိသတ်တွေအတွက် လတ်တလော သူမရဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

Source - May Pan Che FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။