သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ကိုတော့ ပရိသတ်တွေ အားလုံးသိထားကြ မယ်လို့ ထင်ပါတယ်။ သဇင်ထူးမြင့်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ လည်းစတင် လျောက်လှမ်းလာပြီဖြစ်ပြီး ပရိသတ် အားပေးမှုလည်း ရရှိနေသူပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ဖေဖေပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေလည်း အရမ်းကို စိတ်ဝင်စားနေတဲ့ ခိုးဆိုးလုနှိုက်(၂) တောကျီးကန်း Press Show ပွဲလေးကို သွားရောက် အားပေးခဲ့တာ ပဲဖြစ်ပါတ

သူမရဲ့လူမှုကွန်ယက် မှာလည်း "ဒီနေ့မနက်တောကျီးကန်း(ခိုးဆိုးလုနှိုက်-၂)Press show ကြည့်ခဲ့တယ်. .အရမ်းကောင်းတဲ့ကားလေးပါ...ရုံတင်ရင်ထပ်သွားကြည့်မယ်"ဆိုတဲ့ စာလေးန ဲ့အတူPress Show ပွဲလေးမှ ချစ်စရာကောင်းတဲ့ အမှတ်တရပုံရိပ် လေးတွေ မျှဝေထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထူးချွန်သရုပ်ဆောင်တွေနဲ့ လည်းပွဲတက် အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့ တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သူမ ဖေဖေဦးခင်လှိုင်ရဲ့ ထူးခြားတဲ့ အနုပညာတင်ဆက်မှုတွေ နဲ့ကြိုးစားခဲ့တာတွေကို သမီးလေး တစ်ယောက်အနေနဲ့ ဂုဏ်ယူအတုယူ အားကျနေပုံပါပဲ ပရိသတ်ကြီးရေ။ 

"ခိုးဆိုးလုနှိုက်"ရုပ်ရှင် ဇာတ်ကားကြီးကတော့ ပထမနံပါတ်(၁) ထွက်ခဲ့စဉ်ထဲက ပရိသတ်တွေ အုတ်အုတ် ကျပ်ကျပ် အားပေးမှုနဲ့ အတူ အောင်မြင်မှုများစွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုခိုးဆိုးလုနှိုက်(၂တောကျီးကျန်း) ဟာလည်း ပရိသတ်တွေ အထူးစိတ်ဝင်စား စောင့်မျှော်နေကြတဲ့ ဇာတ်ကားကြီးဖြစ်သလို ရုပ်ရှင်နမူနာ ပြသမှုမှာလည်း ကြည့်ရှု့သူ (၃)သန်းပြည့်လာခဲ့ကာ အောင်မြင်မှုတွေကို ဆက်လက်ထိန်းထား နိုင်တာ ပဲဖြစ်ပါတယ်။ လာမယ့်ဒီဇင်ဘာ (၂၂)ရက်နေ့မှာတော့ ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ ခိုးဆိုးလုနှိုက်(၂)ရုပ်ရှင်ကားကြီးကို တစ်နိုင်ငံလုံးမှာ ပြသသွားတော့ မှာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - သဇင်ထူးမြင့် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။