ပရိသတ်အချစ်တော် ဖွေးဖွေးကတော့ တိရိစ္ဆာန်ဆိုင်ဖွင့်ပွဲမှာ ချစ်စရာကောင်းတဲ့တိရိစ္ဆာန်လေးတွေနဲ့အတူ ပျော်ရွှင်နေပါတယ်။အိမ်မွေးတိရစ္ဆာန် ရောင်းတဲ့ဆိုင်ဖြစ်တဲ့ The Pet House ဆိုင်ဖွင့်ပွဲကို ဖိတ်ကြားချက်အရရောက်ရှိနေတာဖြစ်ပြီး သူမချစ်တဲ့တိရစ္ဆာန်လေးတွေနဲ့ အတူအမှတ်တရဓာတ်ပုံတွေလဲ ရိုက်ခဲ့ပါသေးတယ်။

ချစ်စရာကောင်းတွေခွေးလေးတွေနဲ့လည်း ဓာတ်ပုံတွေရိုက်ခဲ့ပြီး တော်ရုံလူကြောက်တဲ့ အိမ်မှာအလှမွေးလိုရတဲ့ မြွေလေးတွေနဲ့လည်း အသဲယားစရာ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ပရိသတ်အချစ်တော်ဖွေးဟာ လောလောဆယ်မှာတော့ 3 girls ရုပ်ရှင်ကားမှာ ရေပန်းစားလူကြိုက်များနေပြီး အကယ်ဒမီအတွက်လဲ ထင်ကြေးပေးနေကြပါတယ်။

ဒီနေ့မှာတော့ 3 girls မှာပါ၀င်တဲ့သရုပ်ဆောင်တွေအားလုံး ရှေ့ဆောင်ရုပ်ရှင်ရုံမှာ အမှတ်တရလက်မှတ်ထိုးပွဲပြုလုပ်ခဲ့ပါတယ်။ဖွေးကိုချစ်တဲ့ပရိသတ်ကြီးလည်း ဒီဇာတ်ကားကို ကြည့်ပြီးကြပြီလို့ထင်ပါတယ်။

Source - phway phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။