ယနေ့ခေတ်မှာ မင်္ဂလာပွဲမတိုင်ခင် မင်္ဂလာဝတ်စုံတွေ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးတဲ့ Pre Wedding ဓလေ့ဟာ တဖြည်းဖြည်းကျယ်ပြန့်လာတာ တွေ့ရပါတယ်။ သတို့သား သတို့သမီးတွေ သဘောကျနှစ်သက်တဲ့ ရှေးဟောင်းနယ်မြေတွေ ပင်လယ်ကမ်းခြေနဲ့ ပြည်ပနိုင်ငံတွေအထိ Pre Wedding ဓာတ်ပုံ ရိုက်ကူးမှုတွေရှိလာတာ တွေ့ရပါတယ်။

ယခု

ယခုတစ်ခေါက်မှာတော့ Myanmarload ပရိသတ်ကြီးအတွက် ချစ်ရတဲ့ အနုပညာရှင်အချို့ရဲ့ Pre Wedding ဓာတ်ပုံအချို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ပရိသတ်အချစ်တော် မိုးယုစံရဲ့ Pre Wedding ဓာတ်ပုံတွေဖြစ်ပါတယ်။ ရှေးဟောင်းပုဂံမြေနဲ့ ပြည်ပနိုင်ငံတော်တော်များများကို သွားရောက်ရိုက်ကူးခဲ့တဲ့ သူမတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား ရေပန်းစားခဲ့ပါသေးတယ်။

မင်းသမီး သဥ္ဇာနွယ်ဝင်းရဲ့ Pre Wedding ဓာတ်ပုံတွေဟာလည်း ပရိသတ်တွေကြား အားကျစရာဖြစ်ပြီး သူမတို့ရဲ့ မင်္ဂလာပွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ မကြာခင်က မင်္ဂလာဆောင်သွားတဲ့ ကိုတာတာမျိုးနဲ့ နန်းမြတ်တို့ရဲ့ ပြည်ပမှာသွားရောက်ရိုက်ကူးခဲ့တဲ့ Pre Wedding ဓာတ်ပုံတွေကလည်း လူမှုစာမျက်နှာထက်မှာ လူတကာငေးမော သဘောကျခဲ့ပါသေးတယ်။ 

ဒါ့အပြင် ပရိသတ်တွေ သဘောကျနှစ်သက်ရတဲ့ သူရိန်ကျော်မိုးတို့ ဇနီးမောင်နှံရဲ့ ပင်လယ်ထဲမှာ ရိုက်ကူးခဲ့တဲ့ Pre Wedding ဓာတ်ပုံတွေဟာလည်း ပရိသတ်ကြီးကို အကြိုက်တွေ့စေမှာ သေချာပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ မကြာခင်မှာ မင်္ဂလာဆောင်တော့မဲ့ အဆိုတော် အာဘွိုင်းနဲ့ မင်းသမီး မြတ်ရတနာကျော်တို့ရဲ့ Pre Wedding ဓာတ်ပုံတွေကလည်း လတ်တလော လူမှုစာမျက်နှာထက်မှာ ရေပန်းစားလို့နေပါတယ် ပရိသတ်ကြီးရေ......

Photo Source: Celebrities' Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။