နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ M ဆိုင်းလုတစ်ယောက် ပိုကာရီစွက်ရဲ့ပြေးပွဲမှာပါဝင် ပြေးလွှားခဲ့တာပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့သူမရဲ့ပုံစံလေးက ပရိတ်သတ်တွေကိုပိုလို့ဆွဲဆောင် နေပါတယ်။ ချစ်စရာကောင်းတဲ့တိုင်းရင်သူလေးဟာ အောင်မြင်တဲ့မော်ဒယ်တစ်ဦးအဖြစ် အနု ပညာလမ်းကြောင်းပေါ်မှာရပ်တည်နေပြီး ပရိတ်သတ်တွေလည်းအခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခြင်းမရှိသေးပဲ Photo Shooting နဲ့ သီချင်း MTV တွေမှာတော့ သူမကို အများအပြားတွေ့ရတတ်ပါတယ်။ Fashion Show ပွဲတွေမှာလည်း သူမကိုအမြဲလိုလိုတွေ့ရတတ်ပါ တယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဝေလရဲ့သီချင်း MTV ဟာလည်း ပရိတ်သတ်တွေသဘောကျ နေကြပါတယ်။ ပိုကာရီစွက်ရဲ့ပြေးပွဲမှာ အပြာရောင်ပိုကာရီစွက်အင်္ကျ ီလေးနဲ့ ရိုးရိုးလေးချစ် စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက ကြွေချင်စရာကောင်းလှပါတယ်။ ယနေ့မနက် ငါးနာရီ ကျိုက္ကံဆံ Stadium မှာ ပိုကာရီစွက်အဖွဲ့သားတွေနဲ့ပြေးကြတာဖြစ်ပြီး ပုံရိပ်တွေ ကြည့်ရတာ ပျော်စရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ ချစ်စရာခွေးလေးနဲ့လည်း သူမ က ဓာတ်ပုံတွဲဖက်ရိုက်ကူးထားပါသေးတယ်။ မနက်စောစောပြေးနေတဲ့ M Seng Lu ရဲ့ ချစ် စဖွယ်ပုံရိပ်လေးတွေက တကယ်ကို အသည်းယားစရာ လေးပါ။

သူမရဲ့ Facebook မှာ မနက်က ပျော်စရာကြီး Pocari Sweat Myanmar thank you for having me ဆိုပြီး လွတ်လပ်ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲဖြစ်ပါ တယ်။ အပြာရောင်ပိုကာရီစွက်အင်္ကျ ီနဲ့ စတော်ကင်အသားကျပ်ဘောင်းဘီကို စတိုင်ကျကျ ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံလေးက အများတကာအလယ်မှာ ထင်းထင်းလေးနဲ့လှနေပါ တယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပြီနော်။

Photo – M Seng Lu’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။