ပြည်တွင်းရှိ ကားအိုကားဟောင်းများကို အရည်ကျိုစနစ်ဖြင့် လုပ်ပေးလျက်ရှိပါတယ်။ ထို့ကဲ့သို့ လုပ်ဆောင်ပေးခဲ့ရာတွင် အချို့သော နယ်အရည်ကျိုကားများကို ပြန်စိစစ်မည်ဟု သိရှိရပါတယ်။ ဖြစ်စဉ်မှာ အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးက အရည်ကျိုရန် အပ် နှံသည့် ယာဉ်အို၊ ယာဉ်ဟောင်း များအား ရန်ကုန်တိုင်း လိပ်စာဖြင့်စလစ်ထုတ် ပေးနေခြင်း ပြန်လည် စိစစ်ဆောင်ရွက်မည်ဖြစ်ပါတယ်။ ထိုအကြောင်းအရာကို ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။ 

မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်က နယ်အ ရည်ကျိုကားများကို ရန်ကုန်လိပ် စာဖြင့် စလစ်ထုတ်ပေးနေခြင်း ကြောင့် မလိုအပ်ဘဲ နယ်ကားများ ရန်ကုန်သို့ တရားမဝင် ဝင်ရောက် နေသည့် ကိစ္စကို စိစစ်ဆောင်ရွက် ပေးရန်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ရန်ကုန် တိုင်းလွှတ်တော်တွင် မေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ဖြေ ကြားခဲ့ပါတယ်။ ထိုမေးခွန်းနှင့်ပတ်သက်၍ ဒေါ်နီလာကျော်က ‘‘တခြားပြည် နယ်နဲ့ တိုင်းက ယာဉ်အိုယာဉ် ဟောင်းတွေ အပ်နှံတာကို ရန်ကုန် တိုင်းလိပ်စာနဲ့ စလစ်ထုတ်ယူနေ တဲ့ တချို့သော ကိစ္စရပ်တွေ ရှိနေ တဲ့အတွက် လွှတ်တော် ကိုယ်စား လှယ်ကြီးရဲ့ မေးခွန်းကို ရရှိပြီးတဲ့ အချိန်ကစပြီး စိစစ်ဆောင်ရွက် သွားမယ်’’ ဟု ပြောပါတယ်။ လက်ရှိတွင် ရန်ကုန်တိုင်းက ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုးတင်သွင်းသည့် ယာဉ် များအတွက် ရန်ကုန်တိုင်း ပါမစ် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ၎င်းကဆက်လက်ပြောပါတယ်။

ရန်ကုန်တိုင်းရှိ ယာဉ်အို ယာဉ်ဟောင်းများကို သီလဝါစက် မှုဇုန်တွင် အရည်ကျိုရပြီး အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုမှ ယာဉ်များကို မြင်းခြံမြို့တွင် အ ရည်ကျိုရသော်လည်း နယ်အရည် ကျိုယာဉ်များကို ရန်ကုန်လိပ်စာ ဖြင့် စလစ်ထုတ်ပေးခြင်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုလည်း ဖြစ်စေကြောင်း ဦးရန်အောင်က ပြောခဲ့ပါတယ်။ နယ်ကညနတွင် ယာဉ်အို ယာဉ်ဟောင်း အပ်နှံသည့်ပုံစံ (ဃ) လျှောက်ထားသည့်အခါ ရန်ကုန်လိပ်စာဖြင့် လျှောက်ထား ၍ သက်ဆိုင်ရာ ကညနက အရည် ကျိုခွင့်ကို ရန်ကုန်လိပ်စာဖြင့် ခွင့်ပြုခြင်းကြောင့် ရန်ကုန်လိုင် စင်ဖြင့် ပြောင်းလဲဝင်ရောက်လာ ကြောင်း ဦးရန်အောင်ကဆိုပါတယ်။ ယခင်ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ညွှန်ကြားချက် အရ ၂၀၁၅ ဇန်နဝါရီ ၁ ရက်ကစ ပြီး နယ်မှအရည်ကျိုအပ်နှံမည့် ယာဉ်များ ရန်ကုန်တိုင်းအတွင်း လိပ်စာပြောင်းလဲ လျှောက်ထား ပါက ကားပါကင်နေရာ ထောက် ခံချက်ရရှိမှ ဆောင်ရွက်ပေးခဲ့တာပါ။ သို့သော် ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနအနေ ဖြင့် လိပ်စာပြောင်းလဲသော ယာဉ် များကို ကားပါကင်ရှိကြောင်း ထောက်ခံချက်နှင့်နယ်ဝင် လက် မှတ် ဆောင်ရွက်ပေးခြင်းကို ၂၀၁၆ ဧပြီကစ၍ ရပ်ဆိုင်းခဲ့ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။