ကလေးသရုပ်ဆောင် ယွန်းယွန်းဆိုရင်တော့ အသက်ငယ်ပေမယ့် အနုပညာဝါရင့်သူလေးမို့ မသိတဲ့သူက ခပ်ရှားရှားပါပဲ။

ချစ်စရာကောင်းပြီး ဆံပင်အရှည်လေးကြောင့် လူသိပိုများနေတဲ့ ယွန်းယွန်း တစ်ယောက် ပြီးခဲ့တဲ့ Myanmar Interntional Fashion Week မှာ ဒီဇုုိင်နာ ဌေးဌေးတင် ချုပ်ပေးထားတဲ့ ၀တ်စုံအဖြူလေးနဲ့ လူမှားလောက်အောင် အရမ်းလှနေခဲ့တာပါ။

လက်တလောမှာတော့ အဲ့ဒီပွဲမှာ ရှိုးလျှောက်ခဲ့တဲ့ ယွန်းယွန်း က သူမရဲ့ တစ်ကိုယ်တော် လက်ကျန်ပုံလေးတွေကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

အရွယ်ရောက်လာပြီဖြစ်သလို အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရတဲ့ ယွန်းယွန်း ဟာ အခုဆိုရင် ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာကို သင်ကြားနေတဲ့ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်လို့နေပါပြီ။

အကယ်ဒမီဆု ဆွတ်ခူးထားတဲ့ ဆယ်ကျော်သက်သရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ ယွန်းယွန်း ဟာ မနေ့ကဖြစ်သည် ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေပိုရရှိခဲ့ပါတယ်။

ယွန်းယွန်းဟာ ကြော်ငြာတွေနဲ့ အခမ်းအနားပွဲတွေလည်း မကြာခဏ တက်ရောက်နေရတာကြောင့် သူမရဲ့ ပွဲတက်ပုံရိပ်တွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။

ချစ်စရာကောင်းပြီး အနေအေးတဲ့ သူမရဲ့ ပုံရိပ်တွေကို စွဲလမ်းမိတဲ့ ယောကျာ်းလေးပရိသတ်တွေလည်း ရှိနေပါတယ်။

ပရိသတ်ကြီးရော ယွန်းလေးကို ချစ်သေးရဲ့လား။ 

Source : Yoon Yoon fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။