ချစ်သက်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သက်မွန်မြင့်ကလည်း အနုပညာလောကမှာ လူချစ်လူခင်များတဲ့ မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးပါတယ်။

ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ ချစ်သက်ဟာ ထပ်ဆင့်အကယ်ဒမီရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သူမရဲ့ ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ပိုင်နိုင်မှုတွေကလည်း ပရိသတ်တွေရင်ထဲထိ ဆွဲခေါ်နိုင်သူတစ်ယောက်ပါပဲ။

သားသမီးနှစ်ယောက်ရဲ့ မေမေဖြစ်တဲ့ ချစ်သက်ဟာ ဒီဇင်ဘာလ(၁၇)ရက်နေ့ တနင်္ဂနွေနေ့ဟာ ပွဲဆက်တွေများခဲ့တဲ့အကြောင်း သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုပုံရိပ်တွေကို တင်ထားတာဖြစ်ပါတယ်။

အနက်ရောက်ဝတ်စုံလေးနဲ့ ကတီပါစကပ်လေးကိုတွဲဖက်ဝတ်ဆင်ထားတဲ့ ချစ်သက်ဟာ သူမရဲ့ သူငယ်ချင်းဖြစ်သူခင်လေးနွယ်နဲ့ အတူ ပွဲတစ်ခုကိုတက်ခဲ့သလို တစ်နေ့ထဲမှာပဲ သူငယ်ချင်းဖြစ်သူရဲ့ ဆေးခန်းဖွင့်ပွဲကို သားဖြစ်သူ အားချစ်ကိုချီပြီး တက်ရောက်ခဲ့ပါတယ်။

ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ သူမရဲ့ ပြောဆိုဟန်လေးတွေကတော့ ပရိသတ်တွေကိုအချစ်ပိုစေပါတယ်။

ခန္ဓာကိုယ်အလှကိုပြန်လည်ထိန်းသိမ်းထားတဲ့ ချစ်သက်တစ်ယောက် ကလေးနှစ်ယောက်အမေဖြစ်ပေမယ့်လည်း တစ်သားမွေးတစ်သွေးလှပြီး အပျိုလေးတွေရှုံးလောက်အောင် လှနေဆဲဖြစ်ပါတယ်။  

ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက် ရိုက်ကူးနေရသလို အခမ်းအနားပွဲတွေလည်း ဆက်တိုက်တက်နေရပြီး တစ်ဖက်မှာလည်း မိခင်တာဝန်ကိုကျေပွန်အောင်အချိန်ပေးနေရတဲ့ သူမရဲ့ အိမ်ထောင်ရှင်ဘဝကို အချိန်ပေးနေတာပါ။ 

Source : Thet Mon Myint fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။