အသဲလေးတွေပေးပါ ဆိုတဲ့ စကားက ဖေ့ဘုတ်သုံးစွဲသူ ပရိသတ်တိုင်းနဲ့ ရင်းနှီးမှုရှိပြီးသားဖြစ်နေမှာပါ။

ဒါရိုက်တာကျော်ဇောလင်းအတွေးပုံရိပ်က ရိုက်ကူးထား ပြီး ဇာတ်ညွှန်း ကိုပေါက်တို့ ရိုက်ကူးနေတဲ့ အသဲလေးတွေပေးပါ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ နာမည်လေးကြားရုံနဲ့တင် ပရိသတ်တွေစိတ်ဝင်စားနေလောက်မယ်ထင်ပါတယ်။

လက်တလောမှာတော့ ပရိသတ်အချစ်တော် လူရွှင်တေ်ာ ဟာသသရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီ နဲ့အတူ ဦးထွန်းထွန်းဝင်း ၊ ဦးအောင်လွင် နဲ့ မင်းသား လူမင်းတို့က တပျော်တပါးကြီး ရိုက်ကူးနေကြပါတယ်။

နိုင်ငံကျော်သရုပ်ဆောင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုပေါက်က အသဲလေးတွေပေးပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပုံရိပ်အချို့ကို သူ့ရဲ့ ဖေ့ဘုတ်မှာ မျှဝေထားပြီး ဇာတ်ကားအမြည်းလေးကို အခုလိုပဲ ပြောပြထားပါတယ်။

"အသဲလေးတွေပေးပါ

ရုပ်ရှင်ကားကြီးပုံရိပ်တချိ ု့

အသက် ရ၀. ၈၀ ရုပ်ရှင်

ဖေကြီးများရဲ့ငယ်မူငယ်သွေးပြန်

ချစ်စရာ သရုပ်ဆောင်မှု့တွေက

ချစ်ဖို့လည်းကောင်း ရီလည်းရီရတော့

ကိုယ်ရိုက်တဲ့ကား ကွကိုယ်ကြိုက်ပြီး

သဘောကျနေတာ

ဘဝအမောတွေပြေစေတယ်။"

အသက်(၇၀)ကျော်အဘိုးကြီးတွေ ငယ်မူပြန်တဲ့ သရုပ်ကို ပေါ်လွင်အောင် ဦးအောင်လွင်ကို အဓိက ဇာတ်ဆောင်မင်းသားနေရာက ရိုက်ကူးထားပြီး အကယ်ဒမီ လွင်မိုး၊ ဦးမိုးဒီ၊ထွန်းထွန်းဝင်း ၊ချိုပြုံး ၊ ရဲအောင် ၊ မို့မို့မြင့်အောင်တို့အပြင် နာမည်ကြီးအနုပညာရှင်တွေများစွာက ပါ၀င်အားဖြည့်ထားကြပါတယ်။

အနုုပညာလောကမှာ နာမည်ရရှိထားတဲ့ ၀ါရင့်သရုပ်ဆောင်တွေမို့ ဇာတ်ကားကို အပိုအလိုမရှိ သဏ္ဍန်လုပ်သရုပ်တူ သရုပ်ဆောင်နိုင်မှာတော့ စိတ်ပူစရာကိုမလိုလောက်ပါဘူးနော်။

သူတို့ရဲ့ ရိုက်ကွင်းပုံရိပ်တွေမြင်တာနဲ့တင် ဒီဇာတ်ကားလေးက ပရိသတ်တွေကို ပျော်ရွှင်မှုတစ်ခုခုပေးနိုုင်မှာတော့ သေချာပါတယ်။

ပရိသတ်ကြီးလည်း ဒီဇာတ်ကားလေးထွက်ရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦး ရယ်နေရမှာ သေချာတယ်နော်။

နာမည်ကလည်း ဖေ့ဘုတ်မှာ ပြောပြောနေကြသလို အသဲလေးတွေပေးပါ တဲ့ ပရိသတ်ကြီးရေ။  

Source- Aung Min Naing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။