နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ်မထက်ရဲ့ ပွဲတက်ဖက်ရှင်လေးက တော့ ပရိတ်သတ်တွေသဘောကျနှစ်သက်မှာအသေအချာပါပဲ။ သူမရဲ့လှပလွန်းတဲ့ ခန္တာကိုယ် ကောက်ကြောင်းလေးတွေပေါ်မှာ ကြွကြွရွရွလေးနေရာယူထားတဲ့ ချစ်စဖွယ် သူမရဲ့ပွဲတက်ဝတ်စုံလေးက ခမ်းခမ်းနားနားနဲ့လှပလွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ အနက်ရောင်ကိုယ်ကျပ်ဂါဝန်အင်္ကျ ီကို ဝတ်ဆင်ထားပြီး ရွှေရောင်ဒေါက်ဖိနပ်လေးကို ဆင် မြန်းထားတဲ့ သူမရဲ့ပုံစံက စွဲဆောင်မှုအပြည့်နဲ့ လှပလွန်းနေပါတယ်။ Makeup ပြပွဲတစ်ခုကို တက်ရောက်လာတာဖြစ်ပြီး Make me Beautiful အဖွဲ့သားတွေကိုလည်း စုံလင်စွာတွေ့ရပါ တယ်။

အများတကာအလည်မှာ လှလှပပကြွားကြွားဝင့်ဝင့်နဲ့ သူမရဲ့ပုံရိပ်တွေက ရင်ခုန်ချင်စရာ ကောင်းလှပါတယ်။ သူမဟာ လိင်ပြောင်းခွဲစိတ်မှုကိုခံယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ်နဲ့ရပ်တည်ခဲ့တာဟာ အချိန်အတိုင်းအတာ တစ် ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က သူမရဲ့မိတ်ကပ်ပြင်ဆင်မှုပိုင်းဆိုင် ရာနဲ့ ပက်သက်ပြီးတော့ ဝေဖန်မှုအချို့ရှိခဲ့ပြီး သူမနဲ့ကတောက်ကဆအနည်းငယ်ဖြစ်ပွားခဲ့ပါ သေးတယ်။ လက်ရှိမှာတော့ ဒီပြဿနာတွေဟာ အဆင်ပြေ ပြေလည်သွားခဲ့ပြီဖြစ်ပြီး သူမ ဟာလည်း အောင်မြင်တဲ့ မိတ်ကပ် ပညာရှင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ပွဲတက်ဖက်ရှင်လေးက အမြင်တအားမဆန်းသော်ငြား သူမနဲ့တော့ အတော်လေး လိုက်ဖက်နေပါတယ်။ အရုပ်မလေးတစ်ရုပ်လို ပြင်ဆင်ချယ်သထားပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေးက မြင်သူတိုင်းစွဲမက်ချင်စရာကောင်းလှပါတယ်။ လှပလွန်းတဲ့ သူမရဲ့ ပွဲ တက်ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုုက်ပြီနော်။

Photo – Ma Htet’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။