မိုးဟေကိုဆိုတဲ့ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ရှင်သန်လာတာကြာပြီဖြစ်သလို အမာခံပရိသတ်တွေလဲ ရရှိထားတဲ့ မိုးရဲ့တစ်ချို့သော အကြောင်းလေးတွေဟာ ပရိသတ်တွေနဲ့ မရင်းနှီးဘူးဖြစ်နေမှာပါ။

ရိုက်ကွင်းပေါ်နဲ့ လက်တွေ့အပြင်ဘဝအကြောင်းကို MODAမှ သရုပ်ဆောင်မိုးဟေကို ကိုမေးမြန်းခဲ့တဲ့အခါ

" အမှန်တော့ မိုးက ရိုက်ကွင်းပေါ်ရောက်မှသာ ကိုယ့်ကိုယ်ကို သရုပ်ဆောင်တစ်ယောက်လို့သတ်မှတ်တာ။ အပြင်မှာတော့ သရုပ်ဆောင်မဟုတ်ဘူးရှင့်။" လို့ ရိုးသားစွာ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး အပြင်မှာ သွားလာတဲ့အခါ မင်းသမီးတစ်ယောက်အနေနဲ့ အနေရခက်တာတွေရှိသလားဆိုတဲ့ မေးခွန်းကိုတော့ "အဲဒါလည်း မိုးအနေနဲ့ စိတ်ကျဉ်းကြပ်မှုမရှိဘူး ပျော်ပါတယ်။ကိုယ့်ကိုယ်ကို ငါမင်းသမီးပဲဆိုပြီး သွားလာနေရင် စိတ်တွေအနေကျုံ့လာမယ်။ နောက်တော့ ကိုယ့်စိတ်ကို ထိခိုက်လာမယ်။ ပင်ပန်းလာမယ်။ အဲလိုမျိုးဖြစ်အောင်မနေဘူး။ ကိုယ့်စိတ်ကို ပေါ့ပေါ့ပါးပါးထားတယ်။ ငါလည်း သာမန်မိန်းကလေးတစ်ယောက်ဆိုပြီးတော့နေတယ်။ မိုးက အပြင်ထွက်ရင် မိတ်ကပ်တောင်မလိမ်းဘူး။" လို့ ဖြေကြားပေးခဲ့ပါတယ်။

မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲကြီးနဲ့ ပတ်သတ်ပြီး မိုးဟေကိုမှ " မှတ်တိုင်ကို လူတွေကအမျိုးမျိုးသတ်မှတ်ကြတယ်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ တစ်ချို့အတွက် အကယ်ဒမီက အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ တစ်ချို့အတွက်ကတော့ ဟုတ်ချင်မှဟုတ်မယ်။ မိုးဆိုရင်တော့ အကယ်ဒမီကို မှတ်တိုင်ဆိုတာထက် ကိုယ်ဘယ်လောက်အထိအကောင်းဆုံးလုပ်ပြနိုင်လဲ၊ ပရိသတ်ကိုအကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့လဲပေါ့။ မိုးကတော့ အနုပညာအလုပ်ကို ၀ါသနာပါတယ်။ ပရိသတ်တွေအားပေးနေမယ်။ ကိုယ်စိတ်ပါတဲ့အထိလုပ်သွားမှာပါ။ အမျိုးမျိုးစိုက်ထူကြတာပေါ့။ အများကြီးပါပဲ။ " လို့ ဖြေကြားပေးခဲ့ပါတယ်။

အချစ်ရေးနဲ့ ပတ်သတ်တဲ့အခါ မီဒီယာတွေက ဒီအကြောင်းနဲ့ပတ်သတ်ပြီး မေးတဲ့အခါ အပေါ်ယံသာဖြေကြားခြင်းရှိခဲ့ပြီး တကယ်တမ်းလက်တွေ့မှာတော့ သူမရဲ့အချစ်ရေးဟာ ပရိသတ်တွေနဲ့ မိသားစုတွေအတွက်ပါရယ်လို့ အမြဲကွေ့ဝိုက်ပြီး ဖြေကြားခဲ့ပါတယ်။ အရင်အစပိုင်းကာလတွေတုန်းက ၂၀၁၀ ခုနှစ်မှာ သူမချစ်တဲ့သူနဲ့ လက်ထပ်ဖြစ်မယ်ဆိုတဲ့ သတင်းလွင့်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါအမှန်တကယ်ဖြစ်မလာခဲ့ပါဘူး။

Source : Moda

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။