နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်သူ စိုးပြည့်သဇင်တစ်ယောက် ရုပ်ရှင်ဇာတ်ဝင်ခန်း အတွက် မြန်မာအင်္ကျ ီလေးတွေ ပြင်ဆင်နေပါတယ်။ လုံးလုံးပြည့်ပြည့် သူမရဲ့ခန္တာကိုယ် လေးနဲ့ မြန်မာဝတ်စုံ လေးတွေဟာ တကယ်ကိုလိုက်ဖက်တင့်တယ်မှာ အသေအချာပါပဲ။ ဒီဝတ်စုံလေးတွေကို ဒီဇိုင်နာ နှင်းလွန်းအိမ်က ချုပ်လုပ်ဖန်တီးပေးထားတာဖြစ်ပြီး စိုးပြည့်နဲ့လဲ တကယ်ကိုလိုက်ဖက်လွန်းလှတဲ့ ဝတ်စုံလေးတွေပါပဲ။ အရောင်အသွေးစုံလင်စွာနဲ့ ချုပ်ထား တဲ့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ထား တဲ့ စိုးပြည့်ရဲ့ပုံရိပ်လေးတွေက ကျက်သရေရှိရှိ လှပနေပါတယ် ပရိတ်သတ်ကြီးရေ။

အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်ပိတ်စလေးတွေကို ပန်းပွင့်လေးတွေ ရိုက် ထားပြီး ခပ်ရိုးရိုးလေးချုပ်ထားတဲ့ သူမရဲ့မြန်မာဝတ်စုံလေးတွေက တစ်မျိုးလေးကြည့်ကောင်း နေပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ပြင်ဆင်ချုပ်လုပ်တာဖြစ်ပြီး တကယ်ကိုပဲ ကျက်သရေရှိရှိ လှပနေတဲ့ ဝတ်စုံလေးတွေနဲ့ စိုးပြည့်ရဲ့အလှက တကယ်ကိုပေါ်လွင် ထင်ရှားနေပါတယ်။ သူမဟာ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ပိုင်ဆိုင်ထားရှိပြီး သီချင်း ခွေလည်းထွက်ရှိထားပါသေးတယ်။ သူမရဲ့သီချင်းတစ်ပုဒ်ကိုလည်း “ ရင်ဘတ်ထဲကဓား ” ရုပ်ရှင်ဇာတ်ကားထဲမှာ ထည့်သွင်းအသုံးပြုခဲ့ပြီး သူမရဲ့ပရိတ်သတ်တွေကလည်း ဇာတ်ဝင် တေးဆုရစေချင်နေကြပါတယ်။

စိုးပြည့်ရဲ့ ရိုးရိုးလေးနဲ့လှတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။ သူမကို ချုပ်ပေးတဲ့ ဒီဇိုင်နာ နှင်းလွန်းအိမ်နဲ့လည်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ကို တွဲဖက် ရိုက်ကူးထားပုံလေးတွေက ချစ်စရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ မြန် မဝတ်စုံလေးနဲ့ လှနေတဲ့ စိုးပြည့်သဇင်ရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေကို ခုပဲတင် ဆက်ပေးလိုက်ပြီနော်။

Photo – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။