မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူဟာမနက်ဖြန်ကျရင်

ထိုင်းကိုသွားတာ့မှာပါ။ရတနာပုံကနေထိုင်းပရီးမီးယားလိဂ်

ကလပ်တယ်ရိုဆာဆနာအသင်းကိုပြောင်းရွှေ့ခဲ့တဲ့အောင်သူ

ထိုင်းပရီးမီးယားလိဂ်မှာပထမဆုံးကစားခွင့်ရတဲ့မြန်မာ

ကစားသမားပါ။သူမသွားခင်အချိန်လေးမှာသူ့ကိုပြုစု

ပျိုးထောင်မြေတောင်မြောက်ပေးခဲ့တဲ့မြန်မာနိုင်ငံ

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီးဦးဇော်ဇော်ကိုသွားရောက်

ဂါရဝပြုနှုတ်ဆက်ကန်တော့ခဲ့ပါတယ်။လူကြီးသူမကို

အရမ်းသိတတ်တဲ့အောင်သူပါ။

အစကဒီဇင်ဘာဆယ့်ငါးရက်နေ့မှာသွားဖို့

စီစဉ်ထားပေမယ့်တယ်ရိုအသင်းပိုင်ရှင်ဘရိုင်ယန်မာကာ

နဲ့တွေ့ဆုံဖို့ရှိနေတာကြောင့်သွားမယ့်ရက်ပြောင်းလဲခဲ့တာပါ။

မနက်ဖြန်ကျရင်တော့အောင်သူဟာထိုင်းကိုသွားရောက်မှာ

ဖြစ်ပြီးသန်ဘက်ခါကျရင်တယ်ရိုအသင်းရဲ့လေ့ကျင့်ရေး

အစီအစဉ်တွေမှာပါဝင်လာတော့မှာပါ။တယ်ရို

အသင်းတိုက်စစ်မှာပြင်သစ်တိုက်စစ်မှုးမိုက်ကယ်တစ်ယာက်သာလောက်လောက်လားလားရှိတာမို့တယ်ရိုအသင်းမှာ

အောင်သူမေရာရဖို့မခက်ပါဘူး။သူ့အနေနဲ့ပွဲထွက်ခွင့်

ရရင်ခြေစွမ်းပြဂိုးတွေသွင်းဖို့သာလိုပါတယ်။

အောင်သူအနေနဲ့ထိုင်းလိဂ်ကိုပြောင်းခဲ့တာဟာဒီ

ထကိပိုမြင့်တဲ့အဆင့်တစ်ခုဆီသွားချင်လို့လို့ပြောပါတယ်။

ထိုင်းလိဂ်ကကစားသမားတွေဟာနောက်တစ်ဆင့်

အနေနဲ့ဂျပန်လိဂ်ကိုသွားကြတာများပါတယ်။မြောင်တောင်ကချန်နာတစ်ဆပ်ပိုရိုပြောင်းသွားတာမျိုး။

တီရာဆေးဒန်ဒါနောက်နှစ်မှာဂျေလိဂ်ကိုပြောင်းတော့မှာ

မျိုးပေါ့။လူကြီးသူမကိုသိတတ်တဲ့မြန်မာဘောလုံးလောကရဲ့

အမြင့်ပျံဌက်လေးအောင်သူဒီထက်ပိုမြင့်မြင့်ကိုပျံသန်းနိုင်ပါစေ။Good Luck ပါအောင်သူရေ...

Source-Aung Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။