ကျော်ကိုကိုနဲ့ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်းတစ်

သင်းဖြစ်တဲ့ချင်ရိုင်းရဲ့အပြောင်းအရွှေ ့သတင်းကတော့

အတည်ဖြစ်သွားပါပြီ။ရန်ကုန်ယူနိုက်တက်အသင်းဘက်က

တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးချင်ရိုင်းအသင်းဘက်

ကဘဲကြေညာချက်ထုတ်ပြန်ဖို့လိုပါတော့တယ်။မြန်မာ့

လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုဟာချင်ရိုင်းမှာတစ်ရာသီ

အဌားသွားရောက်ကစားမှာဖြစ်ပါတယ်။ချင်ရိုင်းဆိုတာ

ထိုင်းနာမည်ကြီးကွင်းလယ်လူတွေဖြစ်တဲ့သာနာဘွန်းတို့သစ်ဖန်းတို့ရဲ့ကလပ်အသင်းပါ။

သတင်းထုတ်ပြန်ချက်မှာမဖော်ပြထားပေမယ့်ကျော််ကိုကို

ရဲ့ချင်ရိုင်းမှာရမယ့်လစာငွေဟာတစ်လကိုဘတ်သုံးသိန်း(မြန်မာငွေသိန်း120ကျော်)ရမယ်လို့ဆိုပါတယ်။ချင်ရိုင်းဟာ

ကျော်ကိုကိုထက်အရင်ကမ္ဘောဒီးယားတောင်ပံကစား

သမားချန်ဗန်သာနာကာကိုလိုက်ခဲ့ပေမယ့်CV11က

ချင်ရိုင်းထက်လစာပိုပေးတဲ့မလေးရှားကလပ်ကို

ပြောင်းသွားခဲ့ပါတယ်။Cv11ကိုမရခဲ့တဲ့နောက်

ချင်ရိုင်းဟာမြန်မာစတားK3နောက်ဦးတည်ချက်ပြောင်း

ခဲ့တာပါ။

ချင်ရိုင်းဟာဒီနှစ်ဘောလုံးရာသီမှာထိုင်းပရီးမီးယားလိဂ်

မှာအဆင့်လေးနေရာမှာရပ်တည်ခဲ့တဲ့အသင်းကြီးတစ်သင်းပါ။

ထိုင်းFAဖလားမှာလည်းဘန်ကောက်ဂလတ်ကိုအနိုင်ကစား

ပြီးချန်ပီယံဆုရရယူခဲ့ပါတယ်။FAဖလားရခဲ့တဲ့အတွက်

အာရှချန်ပီယံလိဂ်Play-Offအဆင့်ကစားခွင့်ရခဲ့ပါတယ်။

ထိုင်းလိဂ်ဖလားမှာလည်းချန်ပီယံဆုရဖို့နီးစပ်ခဲ့ပေမယ့်

မြောင်တောင်အသင်းကိုအရှုံးပေးခဲ့ရလို့ဒုတိယနဲ့

ကျေနပ်ခဲ့ရတာပါ။အသင်းမှာခြေစွမ်းထက်မြက်တဲ့

နိုင်ငံခြားသားတိုက်စစ်မှူးတွေရှိနေတာမို့ကျော်ကိုကို

ဟာပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်ရမှာအသေအချာပါ။

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။