မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းဟာ ဆွမ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ရာသီအစကရလဒ်တွေ ဆိုးဝါးနေခဲ့ပေမဲ့ နည်းပြသစ် ဆမ်အလာဒိုက် လက်ထက်မှာတော့ ရလဒ်ကောင်းတွေ ပြန်လည်ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၉ နေရာထိရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းကတော့ ဇယားအောက်ဆုံး တန်းဆင်းဇုံမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

အဲဗာတန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဝင်၊ ဆီဂတ်ဆန်၊ ရွန်းနေ၊ လန်နွန်၊ ရှနိုက်ဒါလင် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒိုင်ယာ၊ ဘိုနီ၊ ကာရိုး၊ မီဆာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ဝိန်းရွန်းနီကတော့ ဂိုးသွင်းခြေတွေ့ရှိနေပြီး သွင်းဂိုးတွေနဲ့အတူ အဲဗာတန်အသင်းကို နိုင်ပွဲတွေရှာဖွေပေးနေနိုင်တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ဆွမ်ဆီးအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဖာ က ၃၅ မိနစ်မှာသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းအတွက်ချေပဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ လီဝင် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၆၄ မိနစ်မှာတော့ ဆီဂတ်ဆန်က အဲဗာတန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲဗာတန်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ရွန်းနေက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။