ပရိသတ်ကြီးရဲ့အချစ်တော်သန်းပိုင်အူအတက်ပေါက်လို့

ဆေးရုံတင်ထားရတာပရိသတ်ကြီးသိပြီးဖြစ်မှာပါ။

သန်းပိုင်ဟာသူ့ကိုချစ်တဲ့ပရိသတ်တွေစိတ်ပူမှာစိုးလို့

အားလုံးကိုအသိမပေးခဲ့တာပါ။သန်းပိုင်ဟာဒီဇင်ဘာ

15ရက်နေ့ကတည်းကရန်ကုန်မြို့အာရှတော်ဝင်ဆေးရုံ

ကြီးမှာတက်ရောက်ကုသခံခဲ့ရတာပါ။ဒီနေ့မနက်မှ

သူဆေးရုံတက်တဲ့သတင်းလူမှုကွန်ယက်မှာပျံနှံ ့လာခဲ့ပြီး

ပရိသတ်ကြီးအစိုးရိမ်ပိုခဲ့ရတာပါ။

သန်းပိုင်ရဲ့ရောဂါကိုခွဲစိတ်မှုပြုလုပ်ခဲ့ပြီးရာခိုင်နှုန်း

ပြည့်အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ခွဲစိတ်

ထားတဲ့အတွက်တော့လှုပ်လှုပ်ရှားရှားတော့လုပ်လို့

မရသေးပါဘူး။သန်းပိုင်ဟာဒီနေ့ပဲဆေးရုံကဆင်းလာပြီး

တစ်လခန့်တော့အနားယူရမယ်လို့သိရပါတယ်။

အစကတော့သန်းပိုင်ခြောက်လလောက်အနားယူ

ရမယ်လို့သတင်းတွေထွက်ခဲ့တာပါ။သန်းပိုင်သာ

ခြောက်လနားရရင်သူ့အနေနဲ့မြန်မာနေရှင်နယ်လိဂ်

ပကျော့တစ်ကျော့လုံးလွဲမယ့်အခြေအနေပါ။

ရန်ကုန်ယူနိုက်တက်အသင်းကနေတိုက်စစ်မှူးကျော်ကိုကို

ထွက်သွားတဲ့အတွက်သန်းပိုင်အနေနဲ့အခွင့်ကောင်းကို

အရယူရမယ့်အချိန်ပါ။ဒီလိုအချိန်မှာခြောက်လလောက်

အနားယူရမယ်ဆိုတာသူ့အတွက်အရမ်းနစ်နာသွားစေမှာပါ။

မနေ့ကသန်းပိုင်ကိုသွားအားပေးတဲ့ကိုအောင်မျိုးကသူ့ရဲ့

လူမှုကွန်ယက်ကနေသန်းပိုင်တစ်လပဲနားရမယ့်လို့သတင်း

ကောင်းပါးခဲ့ပါတယ်။မြန်မြန်နေကောင်းပါစေသန်းပိုင်ရေ..

Source-Ko Aung Myo


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။