ယနေ့ည ၂ နာရီ ၁၅ မိနစ် မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ကွာတားဖိုင်နယ်ပွဲစဉ်မှာ လက်စတာအသင်းဟာ မန်စီးတီးအသင်းကို အိမ်ကွင်း King Power မှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ လိဒ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကိုတတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ဝုဗ်ဗာဟန်တန် အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်ကို တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုူံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာလည်း ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လက်စတာအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ငါးပွဲမှာ မန်စီးတီးက ၂ ပွဲနိုင်၊ လက်စတာအသင်းက ၂ ပွဲနိုင် ၊ ၁ ပွဲသရေကျထားတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ လက်စတာအသင်းကို သိသိသာသာ အသာရထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အိုကာဇာကီ၊ ဗာဒီ၊ မာရက်စ်၊ အီဘိုရာ၊ ကင်း၊ အယ်ဘရိုက်တန် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဘာနန်ဒိုဆေးဗာလ်း၊ ဆာနေး၊ ဂျီဆပ်၊ ယာယာတိုရေး၊ ဒီဘရိုင်း၊ ဂန်ဒိုဂမ် တို့ကို အသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းရဲ့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့တော့ မန်စီးတီးအသင်းအနည်းငယ်ရုန်းကန်းရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကစားထားနိုင်တဲ့ မန်စီးတီးအသင်းကတော့ EFL CUP မှာလည်းပုံစံကောင်းတွေပြသနိုင်အုံးမလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။