ဒေသတွင်းဘောလုံးအင်အားကြီးတွေဖြစ်တဲ့

ထိုင်း၊ဗီယက်နမ်၊မလေးရှား၊အင်ဒိုနီးရှားတို့ကို

အမှီလိုက်ဖို ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

MFFပြင်ဆင်နေပါပြီ။လာမယ့်ဘောလုံးရာသီမှာ

ဘတ်ဂျက်အင်အားတောင့်တင်းစွာနဲ့မြန်မာကျပ်ငွေ

လေးဘီလျံသုံးစွဲသွားမယ်လို ့MFFဒုဥက္ကဌဒေါက်တာစိုင်းဆမ်ထွန်းရဲ့

ပြောစကားအရသိရပါတယ်။MNLပြိုင်ပွဲကိုဆက်သွယ်ရေးကုမ္ပဏီ

MPTကစပွန်ဆာပေးခဲ့တာကြောင့်MFFအနေနဲ့ဘတ်ဂျက်အများကြီး

အသုံးပြုနိုင်လာတာပါ။MPTဟာMFFကိုသုံးနှစ်တိတိစပွန်ဆာပေးသွားမှာပါ။

MFFဟာအဆိုပါကျပ်ငွေလေးဘီလျံကိုMNLကလပ်အသင်းတွေသာမက

အောက်ခြေအဆင့်ပြိုင်ပွဲတွေ၊လူငယ်ဖွံ ့ဖြိုးရေးအစီအစဉ်တွေမှာ

သုံးစွဲသွားမယ်လို့သိရပါတယ်။MFFဟာဂျပန်နိုင်ငံရဲ့

Grassroots Level Programတွေကိုမျက်စိကျနေပါတယ်။

မန္တလေးဘောလုံးအကယ်ဒမီမှာလည်းဂျပန်လူမျိုးမစ္စတာ တာကူတို့လို

နည်းပြတွေခန့်ထားတာမို ့လူငယါအစီအစဉ်တွေကတော့

ဂျပန်စတိုင်သွားမယ့်ပုံပါပဲ။လူစိတ်ဝင်စားမှှုနည်းနေတဲ့ MNL ပြိုင်ပွဲကိုလည်း

လူကြိုက်များလာအောင်လုပ်ဖို ့MFFကြိုးစားရမှာပါ။

လောလောဆယ်တော့MNLပွဲစဉ်တွေကိုလူကြည့်ပိုများလာအောင်

ညဘက်မှာကျင်းပဖို ့ပြင်ဆင်နေကြပါတယ်။အိမ်ကွင်းလက်ခံကျင်းပနိုင်တဲ့

အသင်းတွေလည်းတိုးလာပါပြီ။ဘတ်ဂျက်အများကြီးရထားတဲ့အတွက်

MNLကလပ်တွေယခင်ကထက် ထောက်ပံံံ ့မှှုအများကြီးရမှာ

ကျိန်းသေပါပဲ။ကျပ်ငွေလေးဘီလှံဘတ်ဂျက်နဲ့ အကျဘက်ရောက်နေတဲ့

မြန်မာ့ဘောလုံးလောကကကိုMFFဘယ်လိုဆွဲတင်မလဲဆိုတာတော့

နောက်နှစ်ဘောလုံးရာသီမှာဆက်လက်စောင့်ကြည့်ကြပါစို့.....

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။