ဘာဆီလိုနာ အသင်းရဲ့တိုက်စစ်မှုး မက်ဆီဟာ ဒီနှစ်အတွက် ဆုနှစ်ဆု ရယူနိုင်ခဲ့ပါပြီ။ အဆိုပါဆုများကတော့ ပီချီချီဆုနဲ့ ဒီစတီဖာနိုဆု တို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ထိုဆုများကို တနလာင်္နေ့က ရရှိခဲ့ပြီး ဆုများကို စပိန်အခြေစိုက်သတင်းစာ ဖြစ်တဲ့ မာကာ ကနေကြီးမှုးကျင်းပ ချီမြှင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မာကာသတင်းစာဟာ လာလီဂါ သွင်းဂိုးအများဆုံးကစားသမားဆုနှင့် လာလီဂါ အကောင်းဆုံးကစားသမားဆုတွေကို နှစ်စဉ်ပေးအပ်ချီးမြှင့်လေ့ ရှိခဲ့ပါတယ်။ အဆိုပါ ဆုကို မက်ဆီဟာ သမိုင်းတလျောက် အများဆုံး ၅ကြိမ်တိတိရရှိထားတဲ့ ကစားသမားလည်းဖြစ်တဲ့အပြင် အာဂျင်တီးနားနာမည်ကျော် မက်ဆီကတော့ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ သွင်းဂိုး ၃၇ ဂိုးဖြင့် အသင်းဖော်လူးဝစ်ဆွာရက်ထက်နှစ်ဂိုး အသာဖြင့် အဆိုပါဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဆုပေးပွဲတွင် မက်ဆီက "ဒီဆုအတွက် မိမိကစားဖော်များကို ကျေးဇူးတင်ပါချင်ပါတယ်၊ ဒီဆုဟာ အသင်းရဲ့ စွမ်းဆောင်မှုကြောင့် ရရှိခဲ့တာပါ။ ဒီဆုတွေဟာ အသင်းသားအားလုံးအတွက် ရည်ညွန်းကြောင်းနှင့် တကိုယ်တော် အောင်မြင်မှုများထက် အသင်းလိုက် အောင်မြင်မှုများကို ရရှိဖို့ အဓိကရည်မှန်းထားပါတယ်။ အသင်းလိုက်အောင်မြင်မှုတွေနဲ့အတူ အခုလို တစ်ဦးချင်းဆုတွေပါ ရရှိခဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ" ဟူ၍ပြောပြခဲ့ကြောင်းသိရပါတယ်။

မက်ဆီကတော့ လာမည့် စနေနေ့ ယှဉ်ပြိုင်မယ့် အယ်ကလာစီကို ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာအသင်း နှင့် ရီးရဲယ်မက်ဒရစ် အသင်း ပြိုင်ပွဲတွင် နိုင်ပွဲများဖြင့် နှစ်သစ်ကို ကြိုဆိုချင်ကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆီချစ် ပရိသတ်ကြီးအတွက် အကောင်းဆုံးရလဒ် တစ်ခုကို ထုတ်ဖော်ပြသခဲ့ တဲ့ လီယွန်နယ် မက်ဆီ အကြောင်း မျှဝေပေးလိုက်ပါတယ်။

Source -SM 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။