အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းမြင့်မားလာဖို့ အဘက်ဘက်ကကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ ထိုကဲ့သို့ဆောင်ရွက်ရာမှာ စာသင်ကျောင်းမရှိသည့်ဒေသများတွင် စာသင်ကျောင်းအသစ်များဆောက်လုပ်ခြင်းလည်းပါ၀င်ပါတယ်။ ဒါ့အပြင် အခြေခံသင်ရိုးများကိုလည်း ပြောင်းလဲပြုပြင်လျက်ရှိပါတယ်။ ယခုအခါတွင် ပြောင်းလဲမည့် ဒုတိယတန်းသင်ရိုးသစ်တွင် ဘာသာရပ်၁၀ခုပါ၀င်မည်ဟု သိရှိရပါတယ်။

၂၀၁၈-၁၉ ပညာသင် နှစ်တွင် ပြောင်းလဲမည့်ဒုတိယ တန်း သင်ရိုးသစ်တွင် ဘာသာရပ် ၁၀ ခု ပါရှိမည်ဖြစ်ပြီး ကိုယ်ပိုင် ကျောင်းနှင့် ဘကကျောင်းဆရာ များကိုပါ သင်ကြားနည်းသင်တန်း ပေးမည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒုတိယတန်း သင်ရိုးသစ် တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက် တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယ စသည့်ဘာသာရပ် ၁၀ ခု ပါရှိပြီး ကလေးများ၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားများ ကို လေ့ကျင့်ပျိုးထောင်ပေးသည့် သင်ခန်းစာများ ထည့်သွင်းရေး သားထားသည်ဟု သိရှိရသည်။ ဒုတိယတန်း သင်ရိုးသစ်နှင့် ပတ်သက်၍ စီမံခန့်ခွဲနိုင်ရန်နှင့် ပံ့ပိုးကူညီပေးနိုင်ရန် ဒုတိယ အကြိမ်မြောက် မူလတန်းသင်ရိုး သစ် မိတ်ဆက်ကြီးကြပ်သူများ သင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၄ရက်နှင့် ၁၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါတယ်။

သင်ရိုးသစ်သင်ပြနည်း ဗဟို အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအုပ်စု အဆင့်သင်တန်း များကို ၂၀၁၈ ဇန်နဝါရီ ၁၅ ရက် မှ မတ်လ ၂၂ ရက်အထိ အဆင့် ဆင့် ကျင်းပမည်ဖြစ်သည်ဟု သိရှိရပါတယ်။‘‘ကလေးတွေကို သင်ရမယ့် ဆရာတွေအတွက် နည်းပြသင် တန်းတွေက ဇန်နဝါရီိမှာစမယ်။ သင်တန်းဖွင့်မယ့် စီမံချက်တွေ ရေးနေပြီ။ ဘကကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း သင်တန်းတက် ရမယ်။ အရင်နှစ်ကလို သင်ရိုး သစ် သင်နိုင်တဲ့ ဆရာ၊ ဆရာမ အခက်အခဲမဖြစ်အောင် ကျောင်း အုပ်တွေရော၊ မူလတန်းသင်နေ တဲ့သူအားလုံးရော သင်တန်း တက်ရမယ်’’ဟု အခြေခံပညာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောကြားခဲ့ပါတယ်။ ဒုတိယတန်းကို လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်သည်ဟု သိရှိရပါတယ်။ ဒုတိယတန်းသင်ရိုးညွှန်း တမ်းအသစ်များကို ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) နှင့် အခြေ ခံပညာသင်ရိုးညွှန်းတမ်း ကော် မတီတို့ ပူးပေါင်းရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။

Source – 7 Days New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။