သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်သူ ခင်လေးနွယ်တစ်ယောက် Molly Cosmetic ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်လာတဲ့ပုံရိပ်တွေကို သူမရဲ့ Facebook မှာ တင်ထားပါတယ်။ အမိုက်စားဝတ်စုံနဲ့ အပြတ်လန်းနေတဲ့သူမရဲ့ပုံရိပ်တွေကတကယ်ကိုကြွေ ချင်စရာကောင်းလှ ပါတယ်။ အခုချိန်ထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ အေးအေးလူလူဖြတ်သန်းနေတဲ့ သူမရဲ့ ဘဝက အားကျစရာကြီးပါ။ အိမ်ထောင်မပြုတော့ဘူးလို့လည်း စကားကိုအကုန်မပြောချင်သေး ဘူးလို့သူမကဆိုပါတယ်။ ကိုယ့်မှာလဲ တူတွေတူမတွေရှိတာမို့ သူတို့နဲ့နေရတာပျော်ပါ တယ်လို့ဆိုပါတယ်။ ကိုယ်နဲ့အဆင်ပြေသင့်တော်မယ့်လူတွေ့ရင်တော့ အိမ်ထောင်ပြုဖြစ်မှာပါ လို့ဆိုပါတယ်။ ခုချိန်ထိတော့ အပျိုကြီးဘဝနဲ့ပဲ နေချင်တယ် လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေမလုပ်ဖြစ်တော့တာ အခုဆိုခုနှစ်နှစ်လောက်ရှိပြီလို့ သူမကဆိုပါ တယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ချင်တာကြောင့် အနုပညာအလုပ်ကို ရပ်နားလိုက်တာလို့ ဆိုပါတယ်။ အလုပ်နှစ်ခုကိုတပြိုင်တည်းလုပ်ရင် အဆင်မပြေတာကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင် စီးပွားရေးကိုပဲ အချိန်ပေးပြီးဇောက်ချလုပ်ဖြစ်တာကြောင့် အနုပညာဖက်ကိုသိပ်မလှည့်ဖြစ် တော့ပါဘူးလို့ ဆိုပါတယ်။ အသိတွေသူငယ်ချင်းတွေက အကူအညီလာတောင်းတဲ့အခါမျိုး တွေမှာတော့ MTV ရိုက်ပေးဖြစ်တာ တွေရှိတယ်လို့ဆိုပါတယ်။ တခြားလှုပ်ရှားမှုအနေ နဲ့တော့ ဘာမှမလုပ်ဖြစ်ဘူးလို့ဆိုပါတယ်။ ပွဲတစ်ချို့တက်ပေးတာလောက်တော့ ရှိပါတယ် လို့ Interview တစ်ခုမှာ ဖြေခဲ့ပါတယ်။

ခင်လေးနွယ်က သူမရဲ့ Facebook မှာ မနေ့ကဖြစ်သည် Molly Cosmetics ပစ္စည်းသစ် မိတ်ဆက်ပွဲချစ်ရေ Flora Sheinn နှုတ်ခမ်းနီလေးအရမ်းဆိုးလို့ကောင်းတယ် ပွဲတက်ဖို့ အကျႌရော အိတ်ရော စီစဉ်ပေးတဲ့ Ma Pont ကျေးကျေးပါရှင့် ဆိုပြီး သူမရဲ့အမိုက်စားဝတ်စုံ ဖက်ရှင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ သူမနဲ့တကယ်ကိုလိုက်ဖက်တဲ့ဝတ်စုံလေးဖြစ် တာမို့ ပွဲမှာတကယ်ကို ကြည့်ကောင်းပြီး လှပနေပါတယ်။ ခပ်မိုက်မိုက်ပုံစံလေးနဲ့ သူမရဲ့ အလှအပတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Khin Law New’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။