အဆိုတော် သရုပ်ဆောင် မင်းသမီးချော ချစ်သုဝေကတော့ ချစ်စရာကောင်းလောက်အောင် ငယ်မှုပြန်ခဲ့ပါတယ်..။

လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပွဲတွေကိုလည်း ဆက်တိုက်ဆိုသလို တတ်ရောက်ဖြစ်နေတယ်လို့လည်း သိရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တာလေးမှာ ကျင်းပပြုလုပ်တဲ့ ပွဲတစ်ခုကိုတတ်ရောက်ပြီး သီချင်းများနဲ့လည်း သီဆိုဖျော်ဖြေခဲ့တာ တွေ့ရပါတယ်..။

သီချင်းအသစ်တွေ မရှိခဲ့တာ (၇)နှစ်ကျော်သွားပေမယ့် မပြောင်းလဲဘဲ ချစ်နေပေးပြီး သီချင်းဟောင်းလေးတွေ လိုက်ဆိုပေးနေတဲ့ ပရိသတ်တွေကြောင့်လည်း ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်..။

“အနားက မေကြီးရယ်.. သီချင်းတွေရယ်..

အသစ်သော သီချင်းတွေ မရှိခဲ့တာ ၇နှစ်ကျော်သွားပေမယ့် မပြောင်းမလဲ ချစ်ပေးနေသေး သီချင်းဟောင်းတွေ လိုက်ဆိုပေးနေသေးတဲ့ ပရိသတ်တွေရယ်...

ဒီနေ့ တော့ မန်းလေးမှာ ပွဲတွေဆိုပြီး ငယ်မူပြန်တယ်...။

မေကြီးအတွက် ကိုယ်ဟာမပြောင်းမလဲခုထိ ကလေးပဲ (တခြားသောအားလုံးအတွက်တော့ ကိုယ်ဟာ ကလေးအမေ ကလေးအမေ မှ ကလေး၂ယောက်အမေ.. feeling...ဟီးဟီးဟားဟားဂူးဂူးဂါးဂါး

(နက်ဖြန် သည်းလေးတွေ ပုံတင်ပါ့မယ်နော် ခုတော့သည်းခံပြီး သည်းလေးတွေမေမေကို ရှုစားပါနော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် ခေတ်နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေကတော့ ကလေးနှစ်ယောက် မိခင်လို့ မထင်ရလောက်အောင် ချစ်စရာကောင်းနေတော့တာပါပဲ..။

ကလေးနှစ်ယောက် မိခင်ဖြစ်သလို သူမရဲ့ အမေနဲ့ဆို ကလေးတစ်ယောက် ပြန်ဖြစ်သွားပြီး မိခင်ကို ပြန်ချွဲတတ်တာလေးကိုလည်း သူမက ချစ်စဖွယ် ပြောပြထားပါသေးတယ်..။

ချစ်သုဝေကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်သလို ချစ်စရာကောင်းတဲ့ အမွှာသမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်..။

Source - ချစ်သုေ၀ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။