ဒီဇင်ဘာ ၁၈ ရက်နေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းတွင် ဈာပန အခမ်းအနား တစ်ခုအပြီး အလှူအတန်း ပြုလုပ်စဉ် လူအများ စုပြုံတိုးဝှေ့မှုကြောင့် လူနင်းမှုများ ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော်ဝန်ဟောင်း မိုဟီယူဒင် ချောင်ဟူရီရဲ့ ဈာပနပွဲအပြီး ဆုတောင်းပွဲ ကျင်းပကာ အစား အသောက် များ ပေးကမ်းဝေမျှခဲ့စဉ် အခုလိုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။ ဆုတောင်းမှုများအပြီး အစားအသောက် အထုပ်များ ဝေငှရာမှ အလုအယက် ပြေးလွှား ယူခဲ့ကြပြီး လူအများ စုပြုံတိုးဝှေ့မှုကြောင့် အခြေအနေဆိုးများ ကြုံလာခြင်း ဖြစ်တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရသူ ၃၀ ကျော်အနက် ၁၅ ဦးဟာ စိုးရိမ်ရ အခြေအနေ ရှိနေပြီး အသေအပျောက် ပမာဏ ပိုမို မြင့်တက်လာနိုင်တယ်လို့ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ရဲတပ်ဖွဲ့က သေဆုံးသူ အားလုံးဟာ ဈာပန အခမ်းအနားနှင့် တိုက်ရိုက် မပတ်သက်ဘဲ ဝေငှသည့် အစားအသောက် အထုပ်များကို ရရှိရန် ကြိုးစားသူများနှင့်သာ ဆိုင် ကြောင်း Ruetersသို့ မှတ်ချက်ပေးခဲ့ပါတယ်။လော်စပီကာကနေ သေချာ အသိပေးခဲ့ပါတယ်။ လူတိုင်းအတွက် လုံလုံလောက်လောက် ဖြစ်အောင် စီစဉ်ထားတယ် ဆိုတာကိုပါ။ ဒါပေမဲ့ တကယ်တမ်း ဂိတ်တံခါးလည်း ဖွင့်ချလိုက်ရော၊ လူတွေ စုပြုံတိုးပြီး ဝင်လာတော့တာပဲ”ဟု အေဝါမီအဖွဲ့ချုပ် ပါတီ၏ ဒေသခံ ပါတီခွဲခေါင်းဆောင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်ဆလင်များရော၊ လူနည်းစု ဟိန္ဒူအသိုက်အဝန်းတွင်ပါ ဈာပန အခမ်းအနားများနှင့် ဆုတောင်းပွဲများ အပြီးတွင် အစားအသောက် ဝေငှ လှူဒါန်းမှုများ ပြုလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။အချို့သော ဝေငှလှူဒါန်းမှုများတွင် အလုအယက် တိုးဝှေ့ပြီး အရှုပ်အထွေးများ ဖြစ်တတ်သဖြင့် လူစုခွဲရန် ကူညီသည့် ရဲတပ်ဖွဲ့နှင့် လူအုပ်ကြီးကြားတွင်ပင် ပဋိပက္ခများ ပေါ်ပေါက်လေ့ရှိတယ် လို့လဲ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ မှတာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။

သတင်းအရင်းအမြစ် - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။