နယူးယောက်မြို့မှာရှိတဲ့ ဒီကျောင်းသားတွေဟာ အသုံးပြုပြီးသား ဆိုဖာဆက်တီတစ်လုံးကို စျေးပေါပေါနဲ့ ဒေါ်လာ ၂၀ တည်းနဲ့ ရခဲ့တာပါ။ ဒါပေမယ့် အမှိုက်ကနေ ရွှေဖြစ်တာလား၊ ထိုက်တဲ့လူလက်ထ ဲရောက်သွားလို့လားတော့ မသိပါဘူး။ ဆိုဖာထဲမှာ ဒေါ်လာလေးသောင်းကို ကျောင်းသားတွေကနေ ရှာတွေ့ခဲ့ပါတယ်။
Reese, Cally, and Lara လို့အမည်ရတဲ့ ကျောင်းသားသုံးယောက်ဟာ ထိုင်ခုံမှာ ထိုင်ရတာအဆင်မပြေလို့ ထိုင်ခုံထဲရှာရင်း ပထမမှာ ဒေါ်လာ ရဝဝပါတဲ့ စာအိတ်တစ်အိတ်ကို ရှာတွေ့မိပြီး ဆက်လက်ပြီး ဆိုဖာထဲကို ရှာတဲ့အချိန်မှာတော့ စာအိတ်တွေအများကြီးထွက်လာခဲ့ပြီး စုစုပေါင်း ငွေပမာဏ ဒေါ်လာလေးသောင်းကို ရှာတွေ့ခဲ့ပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့စာအိတ်မှာ နာမည်ပါတာကြောင့် ကျောင်းသားတွေဟာ စုံစမ်းပြီး သွားရောက်ခဲတဲ့အခါ ထိုင်ခုံပိုင်ရှင်အဘွားအိုရဲ့ ယောကျာ်းစုထားတဲ့ပိုက်ဆံတွေဖြစ်ပြီး အဘွားအိာကနေ ဆိုဖာထဲထည့်သိမ်းထားတာလို့ ဆိုပါတယ်။ ဒါကိုမသိတဲ့ အဘွားအိုရဲ့သမီးဟာ ဆိုဖာကို ရောင်းခဲ့ပြီး အသစ်ဝယ်ပေးခဲ့တာပါ။ အဘွားအိုကနေပြီး ကျောင်းသားတွေကို ကျေးဇူးတင်တာကြောင့် ဒေါ်လာတစ်ထောင်စီ မုန့်ဖိုးပေးခဲ့ပါတယ်။
Source : viral4real
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။