ရာသီတွေပြောင်း နှစ်တွေပြောင်းလည်း ပြောင်းလဲမသွားတဲ့ ဖက်ရှင်တစ်ခုကတော့ ဂျင်းဖက် ရှင်ပါ။ လူတိုင်းဆီမှာတော့ ဂျင်းဘောင်းဘီတစ်စုံလောက်တော့ ရှိမယ်ထင် ပါတယ်။ ဂျင်းဖက်ရှင်ထဲကမှ ဂျင်းဘောင်းဘီကို ဘယ်လို ဖက်ရှင်ကျကျဝတ်လို့ရလဲ ဆိုတာကို ပြန်လည်မျှဝေချင်ပါတယ်။ နေရာ ဒေသမရွေးဝတ်ဆင်နိုင်ပြီး ဒီဇိုင်အမျိုးမျိုးရှိတဲ့ ဂျင်းတွေကို ကြည့်ကြရအောင်။

ဒါဆို ဂျင်းဘောင်းဘီ အမျိုးအစားတွေကို ကြည့်ရအောင် ။

Skinny ( အကျပ် ဒူးအောက်ရှုးဘောင်းဘီ )

Straight Leg (ရိုးရိုးအကျပ်ဘောင်းဘီ )

Boot Cat ( အကျပ် ဒူးအောက်ကားဘောင်းဘီ )

Flard ( ခေါင်းလောင်းဘောင်းဘီ )

Wide leg ( အပေါ်အောက် တည့်ဘောင်းဘီ )


ဒါတွေကတော့ ဝတ်လေ့ရှိကြတဲ့ ဂျင်းဘောင်းဘီအမျိုးအစားတွေပါ။ ခုနောက်ပိုင်းမှာ ဂျင်းဘောင်းဘီ ဒီဇိုင်းမျိုးစုံနဲ့ ဝတ်လာကြတာတွေ့ရပါတယ်။ ဂျင်းအပွန်း၊ ဂျင်းမှိုတက်နဲ့ ဂျင်းအပြဲတွေကတော့ လူငယ် အကြိုက်ပါပဲ။ ဒီဂျင်းလေးတွေက ခပ်မိုက်မိုက်နဲ့ စတိုင်ကျစေသလို Crop Top အကျီလေးတွေနဲ့ လိုက်ဖက်ဆုံးပါပဲ။ ဒါပေမယ့် ဇာပါတဲ့ အကျီမျိုးတွေနဲ့ အတွန့်အဖက်တွေပါတဲ့အကျီတွေ နဲ့ အရောင် တောက်ပတဲ့ အကျီတွေကို တော့ ရှောင်ရှားဖို့ မမေ့နဲ့နော်။

နောက်တစ်ခုကတော့ ရိုးရိုးဂျင်းအကြပ်ပဲ ပါ။ ဒီဂျင်းကတော့ အကျီမရွေးလိုက်ဖက် မှုရှိပါတယ်။ အကျီထည့်ဝတ်မယ် ဆိုရင်လည်း အဆင်ပြေနိုင်ပါသေးတယ်။ အပေါ်က အကျီကရိုးရှင်းနေပေမယ့်လည်း ဂျင်းဘောင်းဘီဝတ်ထားတယ်ဆိုရင်တော့ အမြဲဆန်း သစ်နေပြီး ဖက်ရှင်တစ်ခုဖြစ်လို့နေမှာပါ။ ဒါဆို ဂျင်းဘောင်းဘီလေးတွေနဲ့ လန်းလို က်ရအောင်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။