လူခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝအောင် ရေနွေးသောက်ရင်လည်း ရသလို ရေအေးသောက်လည်း အဆင်ပြေပါတယ်။ဒါပေမဲ့ ဘယ်လောက်အပူချိန်ရှိတဲ့ ရေကိုသောက်ခြင်းက ဘယ်လိုပိုကောင်းသလဲ ဆိုတာပြောပြပေးမှာပါနော်။ လူအများစုကတော့ ရေအေးအေးလေးသောက်လိုက်ရရင် ရေငတ်ပြေတယ်လို့ ဆိုပေမဲ့ တကယ်ရောရေငတ်ပြေရဲ့လား ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပူချိန်က ၃၇ ဒီဂရီဆင်တီဂရိတ် အထိရှိနေတာမို့ ရေပူ၊ရေအေးအကျိုးသက်ရောက်မှုတွေကလည်း အများကြီးသက်ဆို်င်ပါတယ်။ လေ့ကျင့် ခန်းလုပ်ပြီးချိန်၊ရာသီဥတု ပူပြင်းချိန် မှာရေးအေးကို တောင်းတတတ်ကြပါတယ်။ အဖျားအရမ်းကြီးချိန်တွေ မှာလည်း ရေအေးကိုတောင်းတပြန်ပါတယ်။ ဒါပေမဲ့ အအေးပတ် နှားစေးတဲ့အချိန်မှာတော့ ရေအေးလေး တော့အသောက်ဖြစ်အောင်နေပေးပါနော်။

ရေပူ၊ရေအေးကို သင့်တင့်အောင်သောက်သုံးခြင်းက ကျန်းမာရေး၊ ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေး ပါတယ်။ရေအေးအေးလေးကို လေ့ကျင့်ခန်းပြုလုပ်စဉ်အတွင်း ချွေးထွက်များခြင်း၊တို့ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းအပူချိန် ကျဆင်းလာတတ်ပြီးအဲချိန်မှာ ရေအေးအေးလေးကို နည်းနည်းခြင်းစီ သောက်ခြင်းကရေဓာတ်ကို ပြန်လည်းဖြည့်တင်းပေးမှာဖြစ်ပါတယ်။ကိုယ်ပူတဲ့အချိန်မှာလည်း သံပုရာရည် နှင့်ဆားအနည်းငယ်သောက်ပေးခြင်း၊ ရေအေးသောက်ခြင်းများပြုလုပ်နိုင်ပါတယ်။ဝိတ်ချတဲ့အချိန်မှာလည်း ရေအေးသောက်ခြင်းကဓာတုဖြစ်စဉ်ကို မြှင့်ပေးနိုင်ခြင်း၊ ကယ်လိုရီများကိုလောင်ကျွမ်းဖို့အထောက်ကူပြုစေ နိုင်ပါတယ်။ရှေ့ပညာရှိတွေကတော့ ရေအေးသောက်ခြင်းကို အားမပေးခဲ့ကြပါဘူး။

ရေအေးသောက်ခြင်းက ခန္ဓာကိုယ်စွမ်းအင်ကိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။တစ်ချို့ဆေးပညာရှင် တွေကတော့ ရေအေးသောက်လိုက်ရင် ကိုယ်တွင်းအင်္ဂါအဖွဲ့အစည်းကို ကျဉ်းမြောင်းခြင်းကို ဖြစ်ပေါ်စေပါ တယ်လို့ဖော်ပြထားပါတယ်။ဘိုးဘောင်စဉ်ဆက်ကြာဖူးသလောက် ရေနွေးသောက်ခြင်းကို ပိုအားပေးထား ကြပါတယ်။ ရေနွေးသောက်ခြင်းက အစာကြေဖို့အထောက်အကူပြုသလို ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ဘယ်လိုပဲပြောပြော အပူချိန်ပြင်တဲ့ရာသီဥတုမှာတော့ ရေအေးအေးတစ်ခွက် သောက်လိုက်ရရင်ဖြင့် တော်တော်လေး အရသာရှိသွားတာပါပဲ။ဒါပေမဲ့ ရေအေးကို ထမင်းစားစားပြီးချင် မသောက်ဖို့ကိုအကြံပေးချင်ပါတယ်။ အလှပရေးရာအရ ထမင်းစားစားပြီးချင် ရေသောက်တာက ဗိုက်ပူစေ တယ်လို သိရပါတယ်။ စားပြီးလို့ တစ်နာရီခြားမှ သောက်ပေးရင် ပိုကောင်းပါတယ်။ကိုယ်တွေ့ဖြစ်လို့ ဒီနည်းလမ်းလေးကို ရေးပေးခြင်းဖြစ်ပါတယ်နော်။ အားလုံးကျန်းမာပျော်ရွင်တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ပါစေ။

Source : ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။