လက်ရှိရိုက်ကူးနေတဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားမှာ ပါ၀င်တဲ့မင်းသမီးများကတော့ များစွာရှိနေပါတယ်။ အဲ့ဒီထဲမှာမှ ဒီနေ့ ရိုက်ကွင်းမှာ တွေ့ရတာကတော့ အိချောပိုနဲ့ သွန်းဆက်တို့ရဲ့ သတ်ပွဲပဲဖြစ်ပါတယ်။ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားတွင်ပါ၀င်နေသော အနုပညာရှင်များကတော့ စစ်ပွဲများအတွက် အပီအပြင် ပြင်ဆင်နေကြသူများဖြစ်ပါတယ်။ စစ်တပ်မှ အကူအညီများဖြစ်လည်း နည်းစနစ်များကို လေ့လာသင်ယူနေကြတာတွေ့ရပါတယ်။

သရုပ်ဆောင်မင်းသမီးချောများဖြစ်ကြတဲ့ အိချောပို နဲ့ သွန်းဆက်တို့ကတော့ အပြင်မှာ အလွန်ချစ်ခင်ကြသော သူငယ်ချင်းတွေဖြစ်ပေမယ့်လည်း လက်ရှိဇာတ်ကားထဲမှာ အမြဲသတ်နေရတယ် လို့ မင်းသမိး အိချောပိုက ပြောပြခဲ့ပါတယ်။ အနုပညာလောကရဲ့ ကျရာဇာတ်ကွက်မှာ ပီပြင်အောင်သရုပ်ဆောင်ရတဲ့ အချက်ကတော့ အနုပညာရှင်တိုင်းရဲ့ ခံစားချက်ပါ။ အလွန်ချစ်တဲ့ မိသားစု၊ ညီအစ်ကို ၊ မောင်နှမ ၊ ဆွေမျိုးပင်ဖြစ်ပါစေ အနုပညာမှာ ကျရာဇာတ်ကိုပီပြင်အောင်သရုပ်ဆောင်ရပါတယ်။ ဒီနေ့ လည်း အိချောပိုနဲ့သွန်းဆက်တို့ရဲ့ ချစ်ရက်နဲ့ သတ်ပွဲကို ဆင်နွဲခဲ့ကြပါတယ်။

"ချစ်ရသော သယ်ရင်းလေးနဲ့ တကားလုံးသတ်နေရ၏...အပြင်မှာ တခွီခွီနဲ့ နှစ်ယောက် ချစ်သလောက်...ဇာတ်ကားထဲမှာတော့ တဂျိမ်းဂျိမ်းပေါ့ " ဆိုပြီး သရုပ်ဆောင်မင်းသမီးချောလေး သွန်းဆက်၏ အကောင့်တွင်လည်း တင်ထားပါတယ်။ ဇာတ်ရုပ် ပီပြင်တဲ့အပြင် အချစ်စိတ်ပျောက်အောင် သရုပ်ဆောင်နိုင်သော ချစ်သူငယ်ချင်းနှစ်ယောက် ချစ်စရာပုံရိပ်များနဲ့အတူ ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Source - Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။