နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ အေးဝတ်ရည်သောင်းတစ်ယောက် ကဗျာတွေဆန်နေပါ တယ်။ ချစ်သူကိုကြွေစေမယ့် နူးညံ့တဲ့စာလွှာလေးတွေအမြဲတမ်းရေးတတ်ပြီး သူမရဲ့စာလေး တွေတိုင်းဟာလည်း ပရိတ်သတ်တွေရင်ထဲကို ထိမှန်စေခဲ့တာချည်းပါပဲ။ အနုပညာလော ကထဲကို အမဖြစ်သူ နှင်းဝတ်ရည်သောင်းနဲ့အတူဝင်ရောက်ခဲ့ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ အနုပညာလုပ်ငန်းတွေကို ခေတ္တအနားယူပြီး ပြန်ရောက်လာ တဲ့အချိန်မှာလည်း အသက်သုံးဆယ် ကျော်အရွယ် ရင့်ကျက်တည်ငြိမ်တဲ့အလှတရားနဲ့ ပရိတ်သတ်တွေကို ပြန်လည်ဆွဲဆောင်ခဲ့ပြန် ပါတယ်။

အမဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်နေပြီး ဘဝကို အဆင်ပြေပြေ အေးအေးချမ်းချမ်းဖြတ်သန်းနေပါတယ်။ မအေးသောင်းကတော့ သူမဝါသနာ ပါတဲ့ အနုပညာလုပ်ငန်းကိုပဲပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ပြန်လည်ဝင်ရောက်လာချိန်မှာ လည်း ပရိတ်သတ်တွေက သူမကိုမေ့မသွားပဲ တခဲနက်ကြိုဆိုခဲ့ကြပါတယ်။ တည်ငြိမ်ရင့်ကျက် တဲ့အလှတရားတစ်ခုနဲ့ အပျိုကြီး မအေးသောင်းတစ်ယောက် အလှကြီးလှနေတာကြောင့် ကိုကိုပုရိသတွေက ပိုလို့ဝန်းရံကြပါတော့တယ်။ အမြဲတမ်းကဗျာလေးတွေစာလေး တွေတင် တတ်သလို ခုလည်းသူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့အတူ အချစ်စာလွှာလေးကို ကဗျာ ဆန်ဆန်တင်ထားပါတယ်။

မအေးသောင်းက သူမရဲ့ Facebook မှာ ကိုယ်ဘယ်လို ချစ်တယ်ပြောပြော မင်းနားလည် မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့လည်း မင်းကိုယ့်လောက် မချစ်သေးဘူး ဒါပါပဲ ... ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ မြန်မာဆန်တဲ့သူမရဲ့ပုံရိပ်လေးတွေနဲ့ တွဲဖက်တင်ထားတာ ဖြစ်ပါ တယ်။ ပရိတ်သတ်ကြီးကြွေစေဖို့ရည်ရွယ်ပြီး မအေးသောင်းရဲ့ ကျက်သရေရှိလှတဲ့ မြန်မာ ဝတ်စုံနဲ့ အလှတရားတွေကို ေဖာ္ပြေပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။