မြန်မာလူငယ်တွေကြား လူကြိုက်များ ရေပန်းစားတဲ့ နာမည်ကြီးအဆိုတော် တစ်ဦးဖြစ်သူတွေထဲမှာ အဆိုတော် ရဲရင့်အောင် တစ်ယောက်လည်းပါဝင်ပါတယ်။ ရဲရင့်အောင်ဟာ အထူးသဖြင့် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားသူတစ်ဦးလည်းဖြစ်သလို သူ့ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာ တစ်ခုဖြစ်ပါတယ်။
ရဲရင့်အောင်ဟာ နာမည်ရမင်းသမီး အေငြိမ်းဖြူနဲ့ လက်ရှိမှာ ချစ်သူတွေအဖြစ် ပရိသတ်တွေကို အသိပေးပြီး တွဲနေတာပဲဖြစ်ပါတယ်။ ရဲရင့်အောင်ဟာ ဂီတလမ်းကြောင်း အချစ်ရေးနဲ့ပတ်သတ်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာကိုတော့ ပရိသတ်ကြီး သိပြီးဖြစ်မှာပါ။ လက်ရှိမှာတော့ အဆိုတော်ရဲရင့်အောင်ဟာ သူ့ရဲ့လူမှုစာမျက်နှာ အကြောင်းအရာတစ်ခုနဲ့ပတ်သတ်ပြီး ယခုလိုရင်ဖွင့်စကားဆိုထားတာ တွေ့ရပါတယ်။
"ဘဝထဲ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ချို့မှာ ကောင်းခဲ့တာတွေရှိသလို ဆိုးခဲ့တာတွေလည်းရှိမယ် စဉ်းစားဆင်ခြင်နိုင်စွမ်းကင်းမဲ့နေခဲ့တဲ့ အချိန်ကာလတွေလည်းရှိမယ်။ အဲ့ဒီအတိတ်ကအကြောင်းအရာတွေကို
အကြိမ်ကြိမ်ပြန်ပြောပြီး " နင့်အပြစ်တွေ " လို ့ခေါင်းစဉ်တပ်နေခြင်းကို ကျနော် မုန်းတယ်။ ဟုတ်တယ် အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး
ဘယ်သူမှ ခွင့်မလွှတ်ရင်တောင် ကျနော့်ကိုယ် ကျနော် ခွင့်လွှတ်တယ်။
ကျနော့် အတိတ်ကို သဘောမကျရင် ကျနော်နဲ့ ခပ်ဝေးဝေးနေပါ။
ဒါမှမဟုတ် ကျနော်ကိုယ်တိုင် ခပ်ဝေးဝေးနေပေးမယ်" ဆိုပြီး ရေးသားထားပါတယ် ပရိသတ်ကြီးရေ.....
Source: Yair Yint Aung
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။