ခေတ်သစ် အမွှာညီအစ်မလို့ ချစ်စနိုးနဲ့ ခြုံငုံပြီးခေါ်ခံရတဲ့ ကလေးနှစ်ယောက်ကတော့ နိုင်ငံကျော်အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေ တို့ဇနီးမောင်နှံရဲ့ အမွှာသမီးလေးတွေဖြစ်ပါတယ်။

မိဘတွေထက်တောင် ပိုပြီး ပေါ်ပြူလာဖြစ်နေတဲ့ ခေတ် နဲ့ သစ် ညီအစ်မကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် အသက်(၁၁)လတောင်ြ့ပည့်သွားပြီဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ မွေးကင်းစကနေ လက်ရှိအရွယ်လေးတွေထိ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်သုဝေက သူမရဲ့ ဖေ့ဘုတ်စ် ကနေ အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

ကလေးတွေကို ချစ်လွန်းတဲ့ ပရိသတ်တွေကတော့ သူတို့လေးတွေရဲ့ ဓာတ်ပုံအသစ်လေးတွေကို မျှော်နေရင်းနဲ့ပဲ စိတ်ဝင်တစားစောင့်ကြည့်ရတာမို့ လူမှုကွန်ရက်မှာ ခေတ် နဲ့ သစ်ညီအစ်မ ကတော့ ဖေ့ဘုတ်ဆယ်လီလို့တောင် သတ်မှတ်ရမလိုပါပဲ။

မိဘတွေရဲ့ အရိပ်တကြည့်ကြည့်အုပ်ထိန်းမှုအောက်မှာ ပြည့်ပြည့်စုံစုံ နဲ့ (၁၁)လအရွယ်ထိတောင် ရောက်လာပြီဖြစ်တဲ့ မေမြန်မာခေတ် နဲ ့မေမြန်မာသစ် တို့အမွှာညီအစ်မလေးနှစ်ယောက်ဟာ တစ်နေ့တစ်ခြားကို ချစ်စရာကောင်းပြီး ၀၀ကစ်ကစ်လေးတွေဖြစ်လာတာမို့ အသဲယားစရာကောင်းလှပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းတို့ဇနီးမောင်နှံဟာ အိမ်ထောင်မကျခင်ထဲက သီချင်းခွေတွေအတူတူဆိုပြီး ဘာသာမတူပေမယ့်လည်း ၀ါသနာတူတဲ့ စုံတွဲဖြစ်တာမို့ အိမ်ထောင်ရေးမှာလည်း စိတ်ဆင်းရဲစရာမရှိပဲ နားလည်မှုတွေနဲ့ ကြင်ကြင်နာနာဖြတ်သန်းနေကြတာပါ။

ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ချစ်သုဝေ နဲ့ လင်းလင်းကတော့ အမွှာသမီးလေးတွေအတွက် စီးပွားရေးအနေနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်လည်း ဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။

ဘာလိုလိုနဲ့ (၁၁)လပြည့်သွားပြီမို့ တစ်နှစ်ပြည့်ခါနီး ခေတ်နဲ့ သစ် ရဲ့ ချစ်စဖွယ်ပုံလေးတွေကို မျှော်နေတဲ့ပရိသတ်တွေအတွက် တင်ပေးလိုက်တယ်နော်။

Source : ChitThuWai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။