SHINee အဖွဲ့ဝင်ဖြစ်သူ Jonghyun ရဲ့ ဈာပန အခမ်းအနားပွဲကို ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်များစွာက တတ်ရောက်ခဲ့ကြပါတယ်..။

Jonghyun ရဲ့ ဈာပနကို ပရိသတ်ထောင်ပေါင်းများစွာ တတ်ရောက်ခဲ့ပြီး မတတ်ရောက်နိုင်ခဲ့တဲ့ အနုပညာရှင်များကလည်း လွမ်းသူ့ပန်းများ ပေးပို့ပေးခဲ့ကြပါတယ်..။

သူ့ကို ချစ်တဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ သူ့ရဲ့ ဈာပနအခမ်းအနားပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်..။

တတ်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ Girl’s Generation အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Yoona၊ Taeyeon၊ Seohyun၊ Yuri နဲ့ Hyoyeon တို့ တတ်ရောက်ခဲ့ကြပါတယ်..။

BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jungkook၊ V၊ Jimin၊ Jin၊ J-Hope၊ RM နဲ့ Suga တို့လည်း တတ်ရောက်ခဲ့ကြပြီး EXO အဖွဲ့ဝင်တွေကလည်း Jonghyun ရဲ့ ဈာပနကို တတ်ရောက်ကာ လွမ်းသူ့ပန်းခွေတွေလည်း ပို့ပေးခဲ့ကြပါတယ်..။

IU လည်း ဈာပနအခမ်းအနားကို တတ်ရောက်ခဲ့ပြီး BOA၊ NCT၊ Red Velvet အဖွဲ့ရဲ့ Irene၊ Seulgi၊ Yeri၊ Joy နဲ့ Wendy တို့လည်း တတ်ရောက်ကာ Super Junior အဖွဲ့ရဲ့ Leeteuk၊ Eunhyuk၊ Shindong နဲ့ Sungmin တို့နှင့် Zico၊ VIXX အဖွဲ့ရဲ့ N နဲ့ Ravi၊ Yoo Hee Yeal နဲ့ Kangta တို့အပြင် အခြား အနုပညာရှင်များစွာလည်း တတ်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်..။

Jonghyun ရဲ့ အချစ်ဆုံးနဲ့ အခင်ဆုံးဖြစ်တဲ့ SHINee အဖွဲ့ဝင်တွေကတော့ Jonghyun ရဲ့ မိသားစုဝင်တွေအဖြစ် ဈာပနအခမ်းအနားမှာ ရှိနေပေးခဲ့ကြတာ ဖြစ်ပါတယ်..။

အသက် (၂ရ)နှစ် အရွယ် Jonghyun ရဲ့ သေဆုံးမှုဟာ Kpop လောကရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး ဝမ်းနည်းစရာကောင်းတဲ့အပြင် နှမြောစရာလည်း ကောင်းခဲ့ပါတယ်..။

Jonghyun ရဲ့ ဈာပနအမခမ်းအနားမှာ အနုပညာရှင်အသီးသီးနဲ့ ထောင်ပေါင်းများစွာသော ပရိသတ်တွေကလည်း နောက်ဆုံးခရီးအတွက် အေးချမ်းဖို့ ဆုတောင်းပေးခဲ့ကြပါတယ်..။

Source - allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။