ပရိသတ်တွေရဲ့ အချစ်တွေအများကြီးပိုင်ဆိုင်ထားတဲ့ သူမလေးကတော့ Miss World Myanmar 2015 ရဲ့ 2nd Runner up ဖြစ်တဲ့ တိုင်းရင်းသူလေးနန်းစန္ဒာလှထွန်းပါ။ MRTV – 4 ရဲ့ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပဉ္ဇလတ်ရွာဆိုတဲ့ ဇာတ်လမ်းလေးမှာ ရေဝတီအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့သူမကို ပရိသတ်များက သဘောကျတာ နာမည်ကျော်ကြားလာသူတစ်ယောက်ပါ။


ဒီဇင်ဘာလ ၁၉ ရက်နေ့ကတော့သူမကို လိုက်ဖက်လွန်းတဲ့ မြန်မာဝတ်စုံလေးနဲ့ တွေ့မြင်ရပါတယ်။ နန်းဆန်ဆန်အလှနဲ့ အပြစ်ကင်းတဲ့မျက်နှာလေးလေးကို ပိုင်ဆိုင်ထားတဲ့ သူမရဲ့ရယ်မောပျော်ရွှင်နေတဲ့ မျက်နှာလေးကတော့ ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ သူမက အချစ်စစ်တို့မည်သည် ဥမကွဲ အသိုက်မပျက် တည်ရှိနေခြင်းဖြစ်ပြီး အဲဒီအတွက်ကြောင့် သူမနဲ့ We Love လေးတွေက သူမက အမြဲဒွန်တွဲနေတာပါလို့ ရေးသားပြီး သူမရဲ့ အချစ်ကို ရေးသားဖော်ပြထားပါတယ်။

သူမရဲ့ပထမဆုံးအနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ပဉ္ဇလက်ရွာဇာတ်လမ်းတွဲမှာတော့ ရိုးသားတဲ့ တောသူမလေးအဖြစ် မင်းသားချောအောင်မင်းခန့်တို့နှင့်အတူ တွဲဖက်သရုပ် ဆောင်ထားပါတယ်။ ပထမဆုံးမှာပဲ ရေဝတီဆိုတဲ့ နာမည်လေးကို ပရိသတ်ရင်ထဲ စွဲမြဲသွား အောင် လုပ်နိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

တီဗွီကြော်ငြာများနဲ့ ရွှေနန်းတော်ကပြုလုပ်တဲ့ ကြော်ငြာအစီအစဉ်များမှာတော့ မပါမဖြစ်တဲ့ သူမပါပဲ။ ကလေးဆန်တဲ့မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းတဲ့သူမရဲ့ ပုံရိပ်လေးများကို Myanmar Load ကနန်းစန္ဒာလှထွန်းကို ချစ်တဲ့ပရိသတ်များအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source – Nan Sandar Hlal Htun FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။