ရောက်တဲ့နေရာတိုင်းမှာ ကူညီစောင်မ တတ်တဲ့ နိုင်ငံကျော် ပရဟိတသမား ဝေဠုကျော်တစ်ယောက်ကတော့ ကားမှောက် ဒဏ်ရာရသူတွေကို ကူညီပေးခဲ့ပြန်ပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝေဠုကျော်တို့ အဖွဲ့ဟာ ဘားအံ၊ မဲဆောက်၊ မြဝတီ ခရီးစဉ်ကို သွားနေရင်း လမ်းမှာ မထင်မှတ်ဘဲ ကြုံကာ ကူညီခဲ့ကြတာ ဖြစ်ပါတယ်..။

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့မှာပဲ မော်လမြိုင်မြို့မှ ဘုရားဖူးပြီး ပြန်လာခဲ့တဲ့ ဘုရားဖူးယာဉ်တစ်စီးဟာ ကျိုက်ထိုမြို့အထွက်နားမှာ ကားရှေ့ဘီးပေါက်ပြီး ကားတုံးလုံးလဲကာ မှောက်မှုဖြစ်ပွားခဲ့ပါတယ်..။

ဘုရားဖူးယာဉ်မှာ ပါလာတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ဝေဠုကျော်တို့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းကို ဝေဠုကျော်က သူအသုံးပြုတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

ထပ်မံပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့ရင် ဝေဠုကျော်ဖောင်ဒေးရှင်းကို ဆက်သွယ်နိုင်တဲ့အကြောင်းကိုလည်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်..။

ဝေဠုကျော်ဟာ လတ်တလောမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

အနုပညာလောကမှာလည်း အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုတွေကို ရရှိထားတာ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ သဘာဝဘေးဒုက္ခတွေနဲ့ ပဋိပက္ခတွေကြား ခက်ခဲဖြစ် ဒုက္ခရောက်နေသူတွေအပါအဝင် အခြား ပြည်သူတွေရဲ့ အခက်အခဲတွေကို တဖက်တလမ်းကနေ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးဖို့အတွက် ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ကူညီမှုများစွာ ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်..။

Source - ဝေဠုကျော်ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။