ဒီဇင်ဘာ (၁၉) ရက်နေ့ မနေ့ ကမနက် (၂)နာရီခွဲခန့်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပြည်လမ်းမပေါ် တွင် ကိုယ်ပိုင်ယာဉ် နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ် မှာ အင်းစိန်မြို့နယ်၊ ပြည်လမ်းမပေါ် တွင် တောင်မှမြောက်ကိုမောင်းနှင်လာတဲ့ CROWN အမျိုးအစား ကိုယ်ပိုင်ယာဉ်ဟာ ထိန်းပင်ကုန်းလမ်းဆုံမီးပွိုင့် အနီးအရောက် အရှိလွန်ကာ တစ်ဖက်ယာဉ်ကြောကိုရောက်ရှိပြီး မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ စူပါကာစတန်အမျိုးအစား ကိုယ်ပိုင်ယာဉ်နဲ့တိုက်မိခဲ့တာပဲဖြစ်ပါတယ်။

၎င်းယာဉ်နှစ်စီး တိုက်မိမှုဖြစ်စဉ်ကြောင့် CROWN ကိုယ်ပိုင်ယာဉ်ပေါ်လိုက်ပါလာသူ အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်း ရပ်ကွက်မှာနေထိုင်တဲ့ ဦးကျော်ရွှေ အသက် (၅၃)နှစ်နဲ့ ကိုဇေလတ် အသက် (၄၅)နှစ်ခန့် နေရပ်လိပ်စာ (စုံစမ်းဆဲ) မှ သေဆုံးသွားခဲ့တယ်လို့ အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ့မှူးရုံးထံမှ သတင်းရရှိပါတယ်။ အဆိုပါ CROWN ယာဉ်ကို လှိုင်သာယာမြို့နယ်၊ (၁၂)ရပ်ကွက်မှာနေထိုင်တဲ့ ကို..အသက် (၂၉)နှစ်က မောင်းနှင်လာခဲ့ တာပဲဖြစ်ပါတယ်။ စူပါကာစတန်အမျိုးအစား ကိုယ်ပိုင်ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၄ဦးမှာလည်း ထိခိုက်ဒဏ် ရာများရရှိခဲ့ပြီး အဆိုပါယာဉ်ကို မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်မှာနေထိုင်တဲ့ ကို..အသက် (၃၂)နှစ်မောင်းနှင်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူကိုယ်ပိုင်ယာဉ်မောင်းကို အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”လို့ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CROWN ကိုယ်ပိုင်ယာဉ်မောင်းကို (ပ)၁၂၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က)/၃၃၈/၂၇၉နဲ့အမှုဖွင့်ထားတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - နှင်းနှင်း(ကုမုဒြာ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။