ရထားလမ်းပေါ်မှာ အဓ္ဓမ ပြုကျင့်ခံရပြီး သေဆုံးနေတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်မှာ လှည်းတန်းမီးပွိုင့်မှာ စံပယ်ပန်းရောင်းနေကျ မဝင်းဝင်းအေးဖြစ်ပြီး ပိုက်ဆံအတူတူတောင်းရမ်းဖို့ထည့်လိုက်ရာမှ ပြန်မရောက်လာတော့တဲ့ အဖြစ်အပျက် ရန်ကုန်မြို့ ကမာရွတ်​ဘူတာ နှင့် ဟံသာဝတီ ဘူတာကြားတွင် နိုဝင်ဘာ ၂၄ ရက် ည ၁၉း၂၅ မိနစ်ခန့်က အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး ရထားသံလမ်းပေါ်၌ လည်ပင်းပြတ်ရှဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးလျက်ရှိ ပြီး အနိုင်ကျင့် ခံထားရ သည်ကို တွေ့ခဲ့ရပါတယ်။

ထို ၁၀ နှစ်အရွယ် မိန်းကလေးဟာ လှည်းတန်း မီးပွိုင့်မှာ စံပယ်ပန်းရောင်းနေတဲ့ ကလေးမလေးလို့ သိရပြီး အမည်ကလည်း မဝင်းဝင်းအေးလို့သိရပါတယ်။ စစ်မေးချက်အရ ၂၄.၁၁.၂၀၁၆ ရက်နေ့တွင် ၎င်းနှင့် သမီးဖြစ်သူ တို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်း ရောင်းနေစဉ် ညီမဖြစ်သူမိဆယ်၏ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးထဲ ပိုက်ဆံတောင်းရမ်း နေသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူအား ထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မဝင်းဝင်းအေးအား ထည့်ပေးလိုက်ကြောင်း၊ ၎င်းနောက် ၁၉း၄၅ အချိန်တွင် ပြာဂလောင်(ခ)ကျော်ကြီးမှာ တစ်ဦး တည်း ပြန်လည်ရောက်ရှိလာသဖြင့် သမီးဖြစ်သူအား

မေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောဆို သော်လည်း ၎င်းမှ သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ပြန်ပြောရာ ပြာဂလောင်(ခ)ကျော်ကြီး မှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်ဘောင် ဘက်သို့ ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူ အား လိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေး ငယ်တစ်ဦး သေဆုံးနေကြောင်း ဓါတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်း ဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာ များဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီး လွယ်သွား သော အပြာအဖြူစိမ်း ပတ်လည်စင်းပါ ချည်လွယ်အိတ် အား တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အမှုမှပြစ်မှုကျူးလွန်သူ ပြာဂလောင်(ခ)ကျော်ကြီးအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။