မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ကွာတားဖိုင်နယ်ပြိုင်ပွဲမှာ အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ်အသင်းကတော့ ဆီမီးဖိုင်နယ်ကို တတ်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။အရန်ကစားသမားတွေကိုသာ ပွဲထွက်အသုံးပြုခဲ့ပြီး အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းကတော့ ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီရော့၊ ဝဲကော့၊ ဝဲဘတ်၊ အယ်နီနီ၊ ကိုကွယ်လင် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာနန်ဒက်၊ အန်ဒရီအယူး၊ ရိုက်စ်၊ ခရက်စ်ဝဲ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးကစားခဲ့ပြီး အနိုင်တစ်ဂိုးနဲ့ ပွဲကိုအဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ဝဲဘက် က ၄၂ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ တစ်ဂိုးပေးခံရပြီးနောက်ပိုင်း လူစားလဲမှုတွေအဖြစ် ကာရိုး၊ ဆာခို၊ အမ်နူတိုဗစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့ပေမဲ့ ချေပဂိုးတော့ ရရှိခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ဆီမီးဖိုင်နယ်မှာ စောင့်နေခဲ့ပြီလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။