နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ မေမြင့်မိုရ်တစ်ယောက် Lightning Festival မှာ 2018 ပြက္ခဒိန် အတွက် ချစ်စဖွယ်ပုံရိပ်လေးတွေကို ရိုက်ကူးထားပါတယ်။ သူမကသိပ်မကြာသေး ခင်က ဥပဒေ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါသေးတယ်။ ဥပဒေဘွဲ့ရရှိခဲ့ပေမယ့် သူမဝါသနာပါတဲ့ အနုပညာလုပ်ငန်းကိုပဲ ဆက်လက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ သရုပ်ဆောင်ကောင်းပြီး ချစ်စရာလည်းကောင်းတဲ့ သူမ ကို ပရိတ်သတ်တွေကလည်း တခဲနက်အားပေးကြပါတယ်။ သူမဟာ MRTV 4 က တင်ဆက်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ် သတ်တွေ အသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာတော့ ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ် လက် ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းတဲ့သူမရဲ့ပုံစံလေးတွေကြောင့် ပရိတ်သတ်တွေရဲ့အချစ် တော်လေးတစ်ယောက်ဖြစ်နေပါတယ်။ အေးချမ်းတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ သူမက အဆင်ပြေတဲ့အချိန်တိုင်း အလှူလေးတွေလည်းလုပ်ဖြစ်ပါတယ်။ သူမရဲ့ခပ်ချောချောမောင် လေးကြောင့် မိန်းကလေးပရိတ်သတ်တွေက ယောင်းမလို့စနောက်ခေါ်ဝေါ်တာကိုလည်း သူမ က ခပ်ပြုံးပြုံးလေးပဲတုံ့ပြန္ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ Celebrity တွေမှာ သူကမ တစ်ယောက်အပါအဝင်ပါပဲ။

လက်ရှိနောက်ဆုံး 2018 ပြက္ခဒိန်အတွက် Lightning Festival ပွဲမှာ သူမရိုက်ကူးထား တဲ့ပုံလေးတွေက အသက်ဝင်ပြီးအရမ်းကိုချစ်စရာကောင်းနေတာပါ။ ငွေအောင်ပိတ်စပေါ်မှာ အနက်ရောင်မျဉ်းလိုင်းလေးတွေနဲ့ အလှဆင်ထားတဲ့ ဒူးအထက်ကိုယ်ကျပ်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး မီးဆိုင်းတွေနဲ့ အလှဆင်ထားတဲ့ပုံစံက ပရိတ်သတ်တွေကြွေသွားမှာ အသေအချာပါပဲ။ အမြဲတမ်းချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်တွေကြောင့်လည်း ပရိတ်သတ် တွေရဲ့အသည်းကျော်လေးဖြစ်နေတာပါ။ 2018 တစ်နှစ် တာလုံးတည်ရှိနေမယ့် သူမရဲ့ အလှဆုံးပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – May Myint Mo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။