ဖုန်းတွေ၊ကွန်ပျူတာတွေ အကြည့်များပြီး ကျီီးပေါင်းတက်နေသူတွေရှိမှာပါ။ဆရာဝန်ကတော့ အလုပ်နား ခိုင်းပေမဲ့ ကိုယ်အလုပ်မှာလည်း တစ်နေကုန်ကွန်ပျူတာသုံးနေရတာဆိုတော့ မသုံးလို့လည်းမရပြန်၊ ဒီလိုရောဂါဖြစ်လာပြီးဆိုရင် ရောဂါဖြစ်တဲ့သူပဲ ခံစားရတာပါ၊ ကျီးပေါင်းဟာလည်း အာရုံကြောတွေနဲ့ ဆက်စပ်နေပါတယ်။ ခါးမှာဖြစ်ရင် ခါးကျီးပေါင်း၊ ကုပ်မှာဖြစ်ရင် ကုပ်ကျီပေါင်း၊ အမျိုးမျိုးရှိကြပါတယ်။ ခါးကျီပေါင်းဆိုလည်း ထိုင်မရထမရ တော်တော်လေးခံရခက်ပါတယ်။ ခါးကျီပေါင်းက ခါးကိုက်ခြင်း ခါးရိုး အောင့်ခြင်း၊ စာရေးသူအမေကိုယ်တိုင် ခါးကိုက်ခြင်း၊ ခါးအောင့်ခြင်း တွေဖြစ်နေတာကိုကျောက််ကပ် ဖြစ်တယ်ဆိုပြီးဆေးမှား သောက်ဖူးပါတယ်။ သတိထားစေချင်ပါတယ် နေမကောင်းဖြစ်ရင် ဆရာဝန်ပဲပြ ကြည့်တာပိုကောင်းပါတယ်။ ကုပ်ကျီးပေါင်း ဖြစ်ပြီးဆိုရင်လည်း လက်ပြင်အောင့်ခြင်း တင်းပြီးနာကျင်ခြင်း တွေခံစားရတတ်ပါတယ်။ ကုပ်ကျီးပေါင်းကလည်း နှလုံးရောဂါနဲ့မှားတတ်ပါတယ်။ကုပ်ကျီးပေါင်းက ကျောရိုး အထက်အာရုံကြောနဲ့ သက်ဆိုင်တဲ့အတွက် ခန္ဓာကို်ယ် အောက်ပိုင်းအားနည်းလာတာတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ ဇက်လေ့ကျင့်ခန်းတွေပါ လုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်။ တရား ထိုင်ခြင်းကလည်း အကြောတွေကို ဖြေလျော့ပေးပါတယ်။ ခုဆိုရင် ယောဂကျင့်စဉ်တွေလည်း လုပ်ပေးလို့ ရပါတယ်။

ကုပ်တင်းရင်းနေရင်လည်း ရေနွေးအိတ်လေးကပ်ပေးပါ။ ဒီရောဂါမျိုးက ကြာရှည်ကုမှ ပျေက်တာဖြစ် ပါတယ်။ အစားလည်းရှောင်ရပါမယ်။ ဆေးစား၊ဆေးကုလို့မပျေက်ကင်းရင် ခွဲစိတ်ကုသလို့ရပါတယ်။ ကျီးပေါင်းရောဂါက တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး ။အလုပ်အကိုက် ၊အသက်အရွယ် ပေါ်မှု တည်နေပါတယ်နော်။ ကိုယ်နေထိုင်နေတဲ့ အခြေအနေပေါ်လည်းမှုတည်လို့နေပြန်တယ်။ ကွန်ပျူတာကြည့် တယ်ဆိုရင် မျက်လုံးနဲ့ကွန်ပျူတာ တစ်တန်းတည်းဖြစ်နေရပါမယ်။ ထိုင်နေတဲ့အခါ ခါးကိုမတ်မတ်ထားထိုင် ပါ။ အာရုံစူးစိုက်ပြီး တစ်စုံတစ်ခုကိုအကြာကြီးကြည့်မနေပါနဲ့၊ ခပ်ဝေးဝေးကိုလည်းကြည့်ပေးပါ။အိပ်တဲ့အခါ ခေါင်းအုံးအမာတွေနဲ့ မအိပ်ပါနဲ့ တတ်နိုင်သမျှ ပျော့ပျော့လေးတွေသုံးပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အမြန်ကြီးမလုပ်ပါနဲ့နော် မှန်မှန်လေးလုပ်သွားပေးပါ။ ရေးကူးခြင်းကလည်း ကျီးပေါင်းဝေဒနာရှင်တွေ အတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။မိန်းကလေးတွေအနေနဲ့ ထောက်မြင့်ဖိနပ်တွေ ရှောင်ပါနော်။အလင်းရောင်နည်းတဲ့ နေရာတွေမှာ စာအုပ်၊ဖုန်း၊ကွန်ပျူတာတွေကို တတ်နိုင်သမျှ မကြည့်ကြ ပါနဲ့။

ခုလိုဆောင်းရာသီမှာ ရေအေးကိုင်တာတွေ မကိုင်မိပါစေနဲ့ မီးပူတိုက်တာတွေ မလုပ်ပါနဲ့ ပန်ကာလေ မခံမိပါစေနဲ့၊ ကျီးပေါင်းဖြစ်နေတဲ့အချိန်မှာ ရှောင်သင့်တာကိုရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ ရေချိုးရင် လည်းရေနွေးလေးနဲ့ချိုးပေးပါနော်။ ရှေးဆေးတရုတ်ပညာရှင်တွေနည်းအရ အပ်စိုက်ကုသခြင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ မြန်မာတို့ရဲ့ တိုင်းရင်းဆေးတွေလည်း ထူးခြားအစွမ်းထက်လှပါတယ်။မဖြစ်ခင်ကြိုတင် ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာပျော်ရွင်နိုင်ကြပါစေ။

Source : google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။