ဒီဇင်ဘာလ (၁၅)ရက်နေ့က ထွက်ရှိခဲ့တဲ့ ဝိုင်းလေးရဲ့“ အဆင်ပြေသွားမှာပါ” ဆိုတဲ့ အယ်ဘမ်ကတော့ ပရိသတ်လက်ထဲရောက်ရှိနေပါပြီ။ ကိုယ်တိုင်ရေးသီချင်းများလည်း ပါဝင်တဲ့ သူမရဲ့အခွေလေးကတော့ ပရိသတ်အကြိုက်နဲ့ ထပ်တူကျမှာ အသေအချာပါပဲ။ အဆိုတော်ခရီးလမ်းကြောင်းကို အိမ်မက်ဆုံရာ အစီအစဉ်ကနေ စတင်ပုံဖော်ခဲ့သူလည်း ဖြစ်ပါတယ်။

ဂီတဘက်မှာလည်း ထူးချွန်တဲ့သူမက Miss Myanmar World 2014 winner တစ်ယောက် လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ (၁၉) ရက်နေ့ကတော့ ခမ်းနားတဲ့ နေဗီပြာရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့သူမရဲ့ အလှကmiss myanmar world တစ်ယောက်ရဲ့ထည့်ဝါတဲ့ လှပမှု တစ်ခုပါပဲ။ နေပြည်တော်က New Year ပွဲတွေလက်ခံထားလို့ ရန်ကုန်က ပွဲတွေကိုငြင်း လိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပွဲမိန့်မရတော့တာကြောင့် EDM ပွဲမှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။

မကြာသေးခင်ရက်ပိုင်းကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ “ နာမည်ကြီး ဖို့ထက် သီချင်းတွေအောင်မြင်ချင်တယ်” လို့ရေးသားထားတာတွေ့ရပါတယ်။ ဒါပေမယ့် အခွေသစ်မထွက်ရှိခင်သေးက အားပေးဖို့စောင့်မျှော်နေတဲ့ ပရိသတ်တွေကတော့ သူမအတွက် အမောပြေစရာပါပဲ ။

Source – Wint Yee Shunn FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။