လူဆိုတာ အသက်ရှင်နေရတဲ့ သက်တမ်းတစ်လျှောက်ကုသိုလ်ကံအကျိုးပေးကွာသွားတာနဲ့အမျှ နေထိုင်စားသောက်ရှာဖွေရခြင်းတွေလည်းကွဲလွဲသွားပါတယ်။ ဘဝပေးကုသိုလ်ကံ ကောင်းတဲ့သူများကတော့ သက်တောင့်သက်သာ ရှာဖွေစားသောက်နိုင်သလို ဘဝပေးကုသိုလ်ကံမကောင်းတဲ့အတွက်ကြောင့် ခက်ခက်ခဲခဲအသက်နှင့်ရင်းပြီး ဝမ်းစာရှာဖွေနေရသူတွေလည်းရှိပါတယ်။ ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်မှာကတော့ မိသားစုစားဝတ်နေရေးအတွက် ပင်လယ်ပြင်မှာ အသက်နှင့်ရင်းပြီး ရှာဖွေစားသောက်ရတဲ့ အမျိုးသားတစ်ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံမှာ ဆင်းရဲမွဲတေမှုဟာ အကြီးမားဆုံးပြသာနာတစ်ခုလို့တောင်ပြောလို့ရပါတယ်။ဆင်းရဲပြီး ၀မ်းစာရှာဖွေရခက်တဲ့ ဒုက္ခကိုထောင်ပေါင်းများစွာသော ဖိလစ်ပိုင်ပြည်သူတွေဟာ ခံစားနေရပါတယ်။ အသက်အရွယ် အိုမင်းနေတဲ့သူတွေရော အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ ရှင်သန်နိုင်ဖို့ ရရာအလုပ်လုပ်နေကြတာဖြစ်ပါတယ်။ Abbey Ann Hernandez နဲ့မိသားစုတွေဟာ ကမ်းခြေကိုအပျော်ခရီးထွက်လာခဲ့ပါတယ်။ သူတို့သတိပြုမိလိုက်တာကတော့ အသက်ကြီးကြီးအမျိုးသားတစ်ဦးက သူတို့လှေရှိရာဆီကို ရေကူးလာနေပါတယ်။ ပထမတော့ သူတို့က ရေလာကူးတဲ့သာမန်လူတစ်ယောက်လို့ပဲထင်လိုက်ပါတယ်။

ဒါပေမယ့် အမျိုးသားကြီးအနားရောက်လာတဲ့အခါမှာ Abbey ဟာတအံ့တသြဖြစ်ခဲ့ရတယ်။ တကယ်တော့ သူတို့ဆီရေကူးလာတဲ့ အမျိုးသားကြီးက ပင်လယ်ကြီးအလယ်မှာ ရေခဲချောင်းလာရောင်းတာပဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူအချို့တော့ အိုကြီးအိုမနဲ့ ပိုက်ဆံနည်းနည်းလေးရဖို့ ရေခဲချောင်းရောင်းနေတဲ့ အမျိုးသားကြီးကိုချီးမွမ်းထောပနာပြုခဲ့ပြီး အချို့ကလည်း အကူအညီပေးနိုင်ဖို့စုံစမ်းလျက်ရှိကြောင်း သိရပါတယ်။

Source : NSK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။