နယူးကာဆယ်အသင်းရဲ့နည်းပြဘင်နီတတ် ဟာ အသင်းဟောင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းက လူငယ်ကစားသမားတစ်ယောက်ကိုအငှါးခေါ်ယူရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ရလဒ်တွေဆိုးဝါးနေတာကြောင့် အသင်းကိုပြန်လည် ပြင်ဆင်ဖို့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ လူအင်အားဖြည့်တင်းဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် ချဲလ်ဆီးအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ လူငယ်ခြေတတ်ကစားသမား ကနေဒီကို ခေါ်ယူရန် ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ရှုံးပွဲတွေဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပြီး တန်းဆင်းဇုံဖြစ်တဲ့ အဆင့် ၁၈ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၁၉ နေရာက ဝက်ဘရွန်းအသင်းနဲ့ ၁ မှတ်သာကွာဟနေပြီး အဆင့် ၂၀နေရာက ဆွမ်ဆီးအသင်းနဲ့ ၃ မှတ်သာ ကွာဟနေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် နယူးကာဆယ်အသင်းရဲ့ နည်းပြ ဘင်နီတတ် ဟာ အသင်းမှာ ရှိတဲ့ တချို့ကစားသမားတွေကို ရောင်းထုတ်သွားဖို့ရှိနေတာဖြစ်ပြီး လူအင်အားထပ်မံ ဖြည့်တင်းဖို့လည်း ရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြကွန်တီကတော့ ကနေဒီကို EFL Cup ပြိုင်ပွဲတွေမှာ အသုံးပြုကစားစေခဲ့တာလည်းဖြစ်ပါတယ်။မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲမှာလည်း ကနေဒီကို ထုတ်သုံးခဲ့တာဖြစ်ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ကွန်တီကတော့ ကနေဒီကို အတွေ့အကြုံပိုရအောင် အငှါးချသွားမှာလားဆိုတာတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။