မြန်မာနေရှင်နယ်လိဂ်ချန်ပီယံရှမ်းယူနိုက်တက်အသင်းဟာ

အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ခရစ္စတိုဖာကို

စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ခရစ္စတိုဖာဟာ

ဒီနှစ်နေရှင်နယ်လိဂ်မှာ ဧရာဝတီယူနိုက်တက်တိုက်စစ်မှူး ကိသ်နှင့်အတူ ပူးတွဲဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

နိုင်ဂျီးရီးယားသားခရစ္စတိုဖာရဲ့သွင်းဂိုးတွေဟာ

ရှမ်းယူနိုက်တက်ရဲ့အမှတ်ပေးဖလားရောဗိုလ်ချုပ်ဒိုင်း

ပါရရှိခဲ့တဲ့သမိုင်းဝင်အောင်မြင်မှုမှာကြီးမားတဲ့အကြောင်းရင်း

တစ်ခုဖြစ်ခဲ့ပါတယ်။

ရှမ်းယူနိုက်တက်ဟာနိုင်ငံခြားသားကစားသမားလေးယောက်

စလုံးခေါ်ယူသွားဖို့ရှိနေပါတယ်။ခရစ္စတိုဖာအပြင်ကျန်တဲ့

ကစားသမားသုံးယောက်ကိုလည်းဒီလမကုန်ခင်မှာထပ်မံ

ခေါ်ယူသွားမယ်လို့သိရပါတယ်။ရှမ်းယူနိုက်တက်ဟာ

မြန်မာပြည်ချန်ပီယံအနေနဲ့အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ

ပထမအဆင့်ကိုဖိလစ်ပိုင်ချန်ပီယံဆီးရပ်အသင်းနဲ့

မကြာခင်ကစားရတော့မှာပါ။ဆီးရပ်နဲ့ပွဲကိုတောင်ကြီးမှာ

မကစားပဲရန်ကုန်မြို့သုဝဏ္ဏမှာပဲကစားသွားမှာပါ။

ဖိလစ်ပိုင်အသင်းတွေဟာအာဆီယံဒေသမှာအားနည်းတဲ့

အသင်းတွေမို့ရှမ်းယူနိုက်တက်အဖို့အလွယ်တကူဖြတ်ကျော်

နိုင်ဖို့များပါတယ်။ဆီးရပ်ကိုကျော်ဖြတ်နိုင်ခဲ့ရင်တော့

သြဇီကလပ်ဘရစ္စဘိန်းရိုအာနဲ့သြစတေးလျမှာအဝေးကွင်း

သွားကစားရမှာပါ။ဘရစ္စဘိန်းကိုထပ်ကျော်ဖြတ်နိုင်ရင်တော့

တရုတ်စူပါလိဂ်ကလပ်တန်ကျင်းကွမ်းနင်းနဲ့နောက်ဆုံးအဆင့်

ခြေစစ်ပွဲကစားရမှာပါ။နိုင်ဂျီးရီးယားသားခရစ္စတိုဖာ

သူ့ရဲ့သွင်းဂိုးတွေနဲ့ရှမ်းယူနိုက်တက်အာရှချန်ပီယံလိဂ်

အုပ်စုအဆင့်ဆီခေါ်ဆောင်သွားမလားဆိုတာတော့...

Source-Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။