အာဆင်နယ်အသင်းဟာ လက်ရှိအဆင့် ၅ နေရာမှာ ရပ်တည်နေပြီး နံပါတ်တစ် မန်စီးတီးအသင်းနဲ့၁၉မှတ်အထိ ပြတ်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါး ကတော့ လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ လှုပ်ရှားသွားဖို့ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ၂ဦးဖြစ်တဲ့ အိုဇေးလ်၊ ဆန်းချက်တို့ဟာလည်း ရာသီကုန်အထိအသင်းမှာ ဆက်ရှိဖို့ အသေချာသေးသလို၊ ဇန်နဝါရီ အပြောင်းအရွေ့မှာပြောင်းရွေ့သွားနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။

ဆန်းချက်ကို မန်စီးတီးအသင်းနဲ့ PSG အသင်းတို့က ခေါ်ယူဖို့ကြိုးစားနေပြီး၊ အိုဇေးလ်ကိုတော့ ဘာစီလိုနာ အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားလျှက်ရှိနေတာ သိရပါတယ်။ဒါအပြင် တိုက်စစ်မှုးဂျီးရူး ကလဲပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် အသင်းပြောင်းချင်တဲ့ အသံတွေထွက်ပေါ်နေသလို၊ တောင်ပံကစားသမား ဝေါ့ကော့ကိုတော့ အဲဗာတန်ကခေါ်ယူဖို့ စိတ်ဝင်စားလျှက်ရှိနေပါတယ်။ အာဆင်ဝင်းဂါးကတော့ "ကျွန်တော်အနေနဲ့ အသင်းအတွက် လူအင်းအားကိုတောင့်တင်းစေမယ့်ကစားသမားမျိုး တွေ့ရှိခဲ့ပါက ခေါ်ယူဖို့ကြိုးစားသွားမည်ဖြစ်ကြောင်း" ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

BeIN Sports နဲ့အင်တာဗျူးမှာတော့ အာဆင်ဝင်းဂါးကတော့ ဇန်နဝါရီအပြောင်းအရွေ့နဲ့ ပတ်သက်ပြီး " ကျွန်တော်တို့ဟာ ကစားသမား၁၀ဦးအထိ အပြောင်းအရွေ့ လုပ်မယ်လို့တော့ တွေးမထားကြပါနဲ့ ၊ လက်ရှိကစားသမား စာရင်းအတိုင်း ဆက်ရှိနေဖို့က ၉၀%လောက်အထိရှိနေပါသေးတယ်၊ အကယ်၍ ကစားသမားစာရင်း ပိုမိုတောင့်တင်းစေမယ့် ကစားသမားမျိုးတွေ့ခဲ့ရင်တော့ ခေါ်ယူဖို့ ကြိုးစားသွားမှာပါ၊ လက်ရှိလူစာရင်းဟာ တောင့်တင်းပြီးသားပါ၊ ကစားသမားတွေကလည်း အရေမအသွေးရှိပြီးသားပါ၊ လက်တွဲညီညီနဲ့ ရာသီကုန်အထိ ကစားသွားမယ့် စိတ်ဓာတ်ရှိဖို့ပဲ လိုအပ်ပါတယ်" ဟု၍ပြောပြခဲ့ပါတယ်။ 

Source - SM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။