ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့ နာမည်ကြီးအဆိုတော် အာဘွိုင်းနဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး မြတ်ရတနာကျော်တို့နှစ်ဦးဟာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာစုံတွဲတစ်တွဲဖြစ်သလို မကြာခင်မှာ လက်ထပ်တော့ကြမှာဖြစ်ပြီး Pre Wedding ဓာတ်ပုံတွေကိုလည်း ပြည်ပနိုင်ငံတွေထိ သွားရောက်ရိုက်ကူးပြီးဖြစ်ကြောင်း သိရပါတယ်။ 

ယနေ့မှာတော့ သူတို့နှစ်ဦးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို အင်းလေး Aureum Palace Hotel & Resort မှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပုံရိပ်တွေကိုတော့ နှစ်ဦးလုံးရဲ့ လူမှုစာမျက်နှာတွေမှာ တင်တာမျိုးမတွေ့ရသေးပေမဲ့ မြတ်ရတနာကျော်ကို မိတ်ကပ်ပြင်ဆင်ပေးတဲ့ မေဦးမောင် အကောင့်ကနေ ဓာတ်ပုံလေးတွေကို တင်ပေးထားတာကိုတွေ့ရပါတယ်။

မိတ်ကပ်မေဦးမောင်ကတော့ ဓာတ်ပုံလေးတွေနဲ့အတူ "ဒီနေ ့ညနေခင်း Ah Boy နဲ ့မြတ် တို့ ရဲ ့မင်္ဂလာလက်မှတ်ထိုးနဲ ့ညဒင်နာလေးပါ အကောင်းဆုံးပြင်ဆင်ပေးထားပါတယ် နောက်ထပ်ဝတ်စုံလှလှလေးတစ်စုံကျန်သေးတယ်ရှင့်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ မကြာခင်မှာ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုကျင်းမှာဖြစ်ပြီး မင်္ဂလာပွဲကိုလည်း ဘယ်လိုခမ်းခမ်းနားနားပြုလုပ်ကျင်းပမလည်းဆိုတာကို ဆက်လက်ရှုစားကြရအောင် ပရိသတ်ကြီးရေ.....

Source: May Oo Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။