အေစီမီလန်အသင်းရဲ့ နောက်တန်းကစားသမား ဘိုနူချီကို ခေါ်ယူရန် ပရီးမီးယားလိဂ် အသင်းကြီး နှစ်သင်းက ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။အပြိုင်ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ကလပ်တွေကတော့ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးပဲဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူရန် နှစ်သင်းလုံးက အပြိုင်အားထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းမှာ မပျော်ရွှင်နေတဲ့ ဘိုနူချီကလည်း အသင်းကနေထွက်ဖို့ ရာခိုင်နူန်းများနေတာလည်းဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ ရာသီအစက ဘိုနူချီကို ဂျူဗင်တပ်အသင်းကနေ ပေါင် သန်း ၄၀ နဲ့ အံ့အားသင့်ဖွယ်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ အသင်းဟာ ရှုံးပွဲတွေ ကြုံတွေ့နေရတာဖြစ်ပြီး နည်းပြ အပြောင်းအလဲတွေကြောင့် ဘိုနူချီဟာ အသင်းမှာ မပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် အေစီမီလန်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းဟာ ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာကြတာလည်းဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လက်ရှိရလဒ်ကောင်းတွေကို ဆက်လက်ထိန်းထားဖို့အတွက် နောက်တန်း ကို ထပ်ပြီးမာကျောအောင် ပြုလုပ်ချင်နေတာကြောင့် ဘိုနူချီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် ပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ အသင်းကနေထွက်ခွာဖို့ ရှိနေတဲ့ ဒေးဗစ်လုဒ် နေရာကို အစားထိုးဖို့ ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။